Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၁၇)နေ့တွင် တောင်ကြီးမြို့နယ် ဆောင်းဖိုးကျေးရွာ အထက(ခွဲ) ကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အင်အား (၂၀၀)ခန့်တက်ရောက်ခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၁၇)နေ့တွင် မန်စန့်ကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသား/ သူ(၁၅၀) ခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၁၇)နေ့တွင် အထက(၅)ကျောင်း၌မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်သဘာဝဘေးအန္တရာယ်များအကြောင်းသဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါကဆောင်ရန်ရှောင်ရန်များဦးစီးဌာန၏လုပ်ငန်းတာဝန်များရည်ရွယ်ချက်ကို့ကိုရှင်းလင်းပြောကြားပြီးသရုပ်ပြလေ့ကျင့်ခြင်းလက်ကမ်းစာစောင်များဖြန့်ဝေခြင်းပညာပေးဗီဒီယိုများပြသခြင်းစသည့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာဆရာဆရာမနှင့်ကျောင်းသူ/သားစုစုပေါင်း(၃၀၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၁၇)နေ့တွင် နောင်ချိုမြို့နယ် တောင်းခေးကျေးရွာအုပ်စု တောင်းခေး (အ-ထ-က)ခွဲကျောင်းတွင် တက်ရောက် ကျောင်းသူ/ကျောင်းသား (၃၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး သဘာဝဘေး ဗွီနိုင်း ပိုစတာ(၅)မျိုးနှင့် DAN mobile app ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၁၇) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ အ.ထ.က (ခွဲ) ကျောင်းခန်းမ၌ လူဦးရေ (၂၀၀) ဦးအား သဘာဝ ဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစ တာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည်(၁၇.၈.၂၀၁၇)မှ (၂၃.၈.၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု ရှားပင်ကုန်းကျေးရွာ တရုတ်မှော်ကျေးရွာအုပ်စု သာစည်ကျေးရွာတွင် ကမ်းပြို ရွှေ့ပြောင်း နေအိမ် (၂၃) လုံးအတွက် (၁၀၀၀၀၀)နှုန်းဖြင့် (၂၃၀၀၀၀၀) အား (၂၅-၈-၂၀၁၇)ရက်နေ့ တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source -ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည်(၁၈.၈.၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ရေစကြို မြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာ တွင် အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂)စု လူဦးရေ (၁၁)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၂၃၁၀၀ိ/-) ၊စုစုပေါင်း (၂၂၃၁၀၀ိ/-) အား ရေစကြို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံသို့ (၂၅.၈.၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source – ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေး ခရိုင်၊ ကလေးဝမြို့နယ်အတွင်း၌ (၁၈-၈-၂၀၁၇)ရက်နေ့မှ (၂၀-၈-၂၀၁၇) ရက်နေ့ထိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် အိမ်ထောင်စု (၁၀၁) စုနှင့် လူဦးရေ (၄၆၇) ဦးတို့ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ထောက်ပံ့ရန်ကျန်ရှိသည့် လူဦးရေ (၁၄၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၂,၈၀၀) ကျပ်တို့အား (၂၅-၈-၂၀၁၇) ရက်နေ့တွင် ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)









