Category Archives: News
-
ဘူးသီးတောင် ဘုန်းကြီးကျောင်း စုရပ်စခန်းသို့ ရောက်ရှိနေသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၂၃-၉-၂၀၁၇) ရက်နေ့တွင် မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘူးသီးတောင်ဘုန်းကြီးကျောင်းစုရပ်စခန်းသို့ ရောက်ရှိနေသည့် အိမ်ထောင်စု (၄၄၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄၄၆) အိမ်ထောင်စာအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိလာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား (၈) ဦးအတွက် ထောက်ပံ့မှုသတင်း
(၂၃-၉-၂၀၁၇) ရက်နေ့တွင် ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိလာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား ကျား(၂၇)၊ မ (၂) စုစုပေါင်း (၂၉) ဦးတို့အား သက်ဆိုင်ရာကော်မတီများနှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတို့သည် ပူးပေါင်းကြိုဆိုခဲ့ကြပြီး အဆိုပါ (၂၉) ဦးအနက် နေရပ်ပြန်ရန် ကားခမပါရှိသူ (၈) ဦးအတွက် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ထောက်ပံ့ငွေ (၁၈၄၀၀၀) ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သပြေကုန်း အ.ထ.က(ခွဲ)၊ အ.လ.က(၃) ၌ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ပါဝင်သော “ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်း” ပြုလုပ်မှုသတင်း
(၂၃-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၀းဝဝ~၁၂းဝဝ) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဝင်းစန္ဒာကြည်နှင့်အဖွဲ့သည် သပြေကုန်း အ.ထ.က(ခွဲ)၊ အ.လ.က(၃) ၌ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ပါဝင်သော “ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်း” ပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးဌာန၊ နေပြည်တော်တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ … Read more
-
မကွေးမြို့နယ်၊ တည်ပင်ကန်ပေါက်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ တည်ပင်ကန်ပေါက်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၂-၉-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန််များကို ရှင်းလင်းပြောပြပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် DAN Mobile Application အား ကျေးရွာသူ/ ကျေးရွာသားများ၏ လက်ကိုင်ဖုန်းများအတွင်း ထည့်သွင်းပေးခဲ့ပြီး အသုံးပြုပုံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး (ကဆရ)
-
စစ််ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ဘေးလွတ်ကင်းရာပြောင်းေရွှ့ သည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးခြင်းနှင့် ရေများပြန်လည်ကျဆင်းမှုအခြေအနေသတင်း
၁။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ ဂန့်ဂေါနှင့် ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်မြို့များတွင် ၂၁၀၇ ခုနှစ်၊ စင်တင်ဘာလ (၁၇) ရက်နေ့မှ (၁၉)ရက်နေ့အထိ မိုးရေချိန် (၁) လက်မမှ (၂) လက်မအထက်ရွာသွန်းခဲ့ခြင်းကြောင့် ကလေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ(၂၂)ခုတွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ(၁၉)ရက်နေ့ ညနေပိုင်းမှစတင်ကာ ရွှေ့ပြောင်းမှု များပြုလုပ်ခဲ့ရပြီး (၂၀-၉-၂၀၁၇)ရက်နေ့နံနက်ပိုင်းထိ အိမ်ထောင်စု (၂၂၄၁)စုမှ လူဦးရေ(၁၀၁၉၈)ဦး အား သတ်မှတ် နေရာများသို့ ဘေးကင်းစွာရွှေ့ပြောင်းပေးခဲ့ပါသည်။ ၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၇) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ အမှတ် (၂) အ.ထ.က ကျောင်းခွဲ အေးသာယာတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၄၀၀) ဦးရှိ ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
တောင်ကြီးမြို့နယ် ပလီလင်းကျေးရွာ အထက ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ပလီလင်းကျေးရွာ အထက ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၄၀၀) ဦးရှိခဲ့ပြီး တက်ရောက်သူများထံ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတမြို့၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဟင်္သာတမြို့၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ (၁၃-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စု၊ လူဦးရေ (၈၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၄) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ(ပလတ်စတစ်ပုံးပါ)၊ အိမ်ဆောက်ပစ္စည်းဖိုး (၈၉၅၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၇၀၁၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၆၅၁၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှတာဝန်ရှိသူများသည် … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု (၆၀) ဦးခန့်အား မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေး (၈) မျိုးနှင့် စပ်လျဉ်း၍ သိကောင်းစရားများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက မြန််မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်သဘာဝဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်၊ ရှောင်ရန်များ၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၂၀) ဦးရှိကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









