စစ််ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ဘေးလွတ်ကင်းရာပြောင်း‌ေရွှ့ သည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးခြင်းနှင့် ရေများပြန်လည်ကျဆင်းမှုအခြေအနေသတင်း

 

11 12 13 14 15 16 17 18
၁။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ ဂန့်ဂေါနှင့် ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်မြို့များတွင် ၂၁၀၇ ခုနှစ်၊ စင်တင်ဘာလ (၁၇) ရက်နေ့မှ (၁၉)ရက်နေ့အထိ မိုးရေချိန် (၁) လက်မမှ (၂) လက်မအထက်ရွာသွန်းခဲ့ခြင်းကြောင့် ကလေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ(၂၂)ခုတွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ(၁၉)ရက်နေ့ ညနေပိုင်းမှစတင်ကာ ရွှေ့ပြောင်းမှု များပြုလုပ်ခဲ့ရပြီး (၂၀-၉-၂၀၁၇)ရက်နေ့နံနက်ပိုင်းထိ အိမ်ထောင်စု (၂၂၄၁)စုမှ လူဦးရေ(၁၀၁၉၈)ဦး အား သတ်မှတ် နေရာများသို့ ဘေးကင်းစွာရွှေ့ပြောင်းပေးခဲ့ပါသည်။

၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် (၂၀-၉-၂၀၁၇) နေ့မှစတင်ကာ ရေဘေးရှောင်အိမ်ထောင်စု(၂၂၄၁)စု၊ လူဦးရေ(၁၀၁၉၈)ဦးအတွက် ဆန်(၇)ရက်စာ ထောက်ပံ့ငွေ(၂၁၄၁၅၈၀၀ိ/-)နှင့် ရေဘေးကြောင့်ဖျက်သိမ်းခဲ့ရသည့် လူနေအိမ်(၁၂)လုံးအတွက် တစ်အိမ်လျှင်(၁)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေ(၁၂၀၀၀၀၀ိ/-)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အလားတူ ကလေးဝမြို့နယ်ရှိ ချောင်းကျဉ်းနှင့် သစ်ချောက်ကျေးရွာတို့မှ ရေဘေးရှောင်အိမ်ထောင်စု (၆၅)စုမှ လူှုဦးရေ(၂၇၀)ဦးအတွက် ဆန်(၇)ရက်စာထောက်ပံ့ငွေ (၅၆၇၀၀၀ိ/-)ကို ထောက်ပံံ့ပေးခဲ့ ကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် (၂၁-၉-၂၀၁၇) ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူလိုက်ပါ၍ ရေဘေးသင့်ကျေးရွာများအား လိုက်လံကြည့်ရှုခြင်း၊ ရေဘေးရှောင်စခန်းများရှိ ပြည်သူများကို အားပေးစကားပြောကြားခြင်းနှင့် လိုအပ်သည်များညှိနှိုင်းပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။

၃။ ကလေးမြို့နယ်သည် ကလေးလွင်ပြင်ဒေသတွင်တည်ရှိပြီး ကလေးလွင်ပြင်သို့ မြောက်ဘက် တွင် နေရဥ္စရာမြစ်ဝင်ရောက်ပြီး တောင်ဘက်တွင် မြစ်သာမြစ်ဝင်ရောက်ကာ ကလေးမြို့နှင့် (၃)မိုင်ခန့် အကွာ အရှေ့ဘက်တွင် မြစ်(၂)ခုပေါင်းဆုံပြီး မြစ်သာမြစ်အဖြစ် ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်ပါ သည်။ မိုးသည်းထန်စွာရွာသွန်းပါက မြစ်သာမြစ်နှင့် နေရဥ္စရာမြစ်တို့မှရေများ ကလေးမြို့သို့ ဝင်ရောက်လာပြီး ချင်းတွင်းမြစ်ရေမှာလည်း မြင့်တက်လျက်ရှိခြင်းကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊ (၂၁-၉-၂၀၁၇)နေ့ (၁၅း၀၀)အချိန်မှစတင်ကာ ရေများတဖြည်းဖြည်း ကျဆင်းခဲ့ပြီး (၂၃-၉-၂၀၁၇)နေ့ နံနက်ပိုင်းတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် လူနေအိမ်များ၊ စျေးဆိုင်ခန်းများ၊ လမ်းတံတားများကို သန့်ရှင်းရေးဆောင်ရွက်လျက်ရှိပြီး (၂၃-၉-၂၀၁၇)နေ့ ညနေပိုင်းမှစတင်ကာ ရေဘေးရှောင်စခန်းများတွင် ရောက်ရှိခိုလှုံလျက်ရှိသော ပြည်သူများသည် မိမိနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events