Category Archives: News
-
လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာနှင့် သောင်ဘုတ်အုပ်စု၊ အောက်ရိုးကျေးရွာ ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာနှင့် သောင်ဘုတ်အုပ်စု၊ အောက်ရိုးကျေးရွာတို့၌ (၁၇-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈၈၂၀၀) ကျပ်တို့ကို (၁၉-၁၀-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လွန်ပရာဘွန်မြို့တွင် ကျင်းပပြုလုပ်သော (၅)ကြိမ် မြောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးမှုသတင်း
၁၉-၁၀-၂၀၁၇ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊လွန်ပရာဘွန်မြို့တွင် ၂၀၁၇ခုနှစ်၊ အောက်တိုဘာ (၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော (၅)ကြိမ်မြောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးဖွင့်ပွဲတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လူမှုဝန်ထမ်းနှင့် အလုပ် သမားဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က အမှာစကားပြောကြားရာ အာဆီယံနိုင်ငံများတွင် သဘာဝဘေးဖြစ်ပေါ်ပါက အာဆီယံနိုင်ငံများ စုပေါင်း၍ အတူတကွကူညီဆောင်ရွက်သော ONE ASEAN ONE RESPONE အစီအစဉ်ဖြင့် ကူညီဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ (ASEAN Coordinating Centre … Read more
-
သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊မွန်ပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၁၉-၁၀-၂၀၁၇)ရက်နေ့တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ ပြည်သူ (၁၅၀)ဦးအား သဘာဝဘေးအသိကညာပေးဟောပြောဆွေးခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များ၊ နံရံကပ်ဗီနိုင်းများဖြန့်ဝေ ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊မြောင်းမြခရိုုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၁၈-၁၀-၂၀၁၇)ရက်နေ့တွင် မြောင်းမြခရိုင်ဝါးခယ်မမြို့ နယ်ရေကျော်ကျေးရွာကမ်းပြိုဘေးကြောင့်ပြိုကျပျက်စီးအိမ်ခြေ(၂)လုံးနှင့်ရွှေ့ပြောင်းအိမ်ခြေ(၂)လုံးလူဦးရေစုစုပေါင်း(၁၉)ဦးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၄၀၀၀၀ဝိ)နှင့် ဆန်ရိက္ခာဖိုးငွေကျပ်(၃၉၉၀ဝိ)စုစုပေါင်းငွေကျပ် (၄၃၉၉၀ဝိ)အားသွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကျိုင်းတုံမြို့၊ တိုင်းလိခန်းမ၌ ရှမ်းပြည်နယ်လူမှုစောင့်ရှောက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ရှမ်းပြည်နယ်လူမှုစောင့်ရှောက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ကျိုင်းတုံမြို့၊ တိုင်းလိခန်းမ၌ (၁၆-၁၀-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးမှ အမှာစကားပြောကြားခြင်း၊ ပြည်နယ်မှူး(လူမှုဝန်ထမ်း)မှ လူမှုစောင့်ရှောက်ရေးလုပ်ငန်းစဉ်များနှင့် ပြည်နယ်မှူ း(ကယ်ဆယ်ရေး)မှ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်များကို ဦးဆောင်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ ပါဝင်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာနဆိုင်ရာနှင့် UN၊ INGOs၊ NGOs နှင့် CSO များမှ ရ၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် (၁၃)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတက်ရောက်ဖွင့်လှစ်မှုသတင်း
၁၈.၁၀.၂၀၁၇၊ ရန်ကုန် မြန်မာနိုင်ငံမှ အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်ဖွင့်လှစ် အမှာစကား ပြောကြားပါသည်။ ယင်းသို့ ပြောကြားရာတွင် အာဆီယံနိုင်ငံအစိုးရများ၏ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်များအတွက် ယခု အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသည် များစွာအရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံအလိုက်နှင့် အာဆီယံဒေသတွင်း အဆင့်လုပ်ငန်းများနှင့် ဆောင်ရွက်လိုသည်များကို အတည်ပြုနိုင်ရေးအတွက် … Read more









