Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၂-၁၁-၂၀၁၇) ရက်နေ့ (၀၈:၃၀)နာရီမှ (၁၀:၃၀)နာရီအချိန်ထိ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူအင်အား (၁၀၅) ဦးခန့်ရှိကြောင်း သတင်းရရှိပါ သည်။ Source: … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၁-၂၀၁၇) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ အ.ထ.က ခွဲ ရေကာ စာသင် ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၁၀) ဦးတို့အား သဘာဝဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ ဆောင်ရန် အကြောင်းအရာများဟောပြောခြင်း၊ ဂိမ်းကစားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
UEHRD ၏လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H. E. Dr. Mrs. Pascale Bareiswyl ဦးဆောင်သည့်အဖွဲ့နှင့် Food and Agriculture Organization (FAO HQs) မှ Senior Technial Officer ဖြစ်သူ Mr. Neil Kelth Marsland ဦးဆောင်သောအဖွဲ့တို့ သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
၂၁.၁၁.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Dr. Mrs. Pascale Bareiswyl ဦးဆောင်သည့်အဖွဲ့နှင့် Food and Agriculture Organization (FAO HQs)မှ Senior Technial Officer ဖြစ်သူ Mr. Neil Kelth Marsland ဦးဆောင်သော အဖွဲ့တို့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H. … Read more
-
ဖျာပုံမြို့နယ်၊ အနော်မာလမ်း (၂) ရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အနော်မာလမ်း (၂) ရပ်ကွက်၌ (၂၁-၁၁-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း Family Kit (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀) ကျပ်တို့အား (၂၁-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၁-၁၁-၂၀၁၇) နေ့၊ (၀၉:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီ၊ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ)သင်တန်း(၂/၂၀၁၇)ကို ဖွင်လှစ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းအဖွင့်အမှာစကားပြောကြား ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသူ/သင်တန်းသား (၅၀) ဦးနှင့် ဌာနဆိုင်ရာများမှ (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၁၁-၂၀၁၇) ရက်ထိ (၄) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးအုပ်စု ခုံကြီးကျေးရွာ၊ မဲဇလီကျေးရွာအုပ်စု မဲဇလီကျေးရွာနှင့် သုံးဆက်အုပ်စု သုံးဆက်ကျေးရွာတို့၌ (၁၄-၁၁-၂၀၁၇)၊ (၁၅-၁၁-၂၀၁၇)၊ (၁၇-၁၁-၂၀၁၇) နှင့် (၁၈-၁၁-၂၀၁၇) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၆၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၁၈ အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ၁၈ သိန်း၊ ဆန်ရိက္ခာဖိုး (၁၃၆၅၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေရန်အတွက် သက်မွေးဝမ်းကျောင်းသင်တန်းဆိုင်ရာ လက်စွဲစာအုပ် မိတ်ဆက်ရှင်းလင်းခြင်းနှင့် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး (၁/၂၀၁၇) ကျင်းပပြုလုပ်မှုသတင်း
(၂၀.၁၁.၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပပြုလုပ်သော သက်မွေးဝမ်းကျောင်းသင်တန်းဆိုင်ရာလက်စွဲစာအုပ် မိတ်ဆက်ပွဲအခမ်းအနားနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်း ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြားရာ “အစိုးရ အဖွဲ့သစ်အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး ဝန်ကြီးဌာန များနှင့်အဖွဲ့အစည်းများတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာစီမံချက်များတွင် ထည့်သွင်းရေးဆွဲ နိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့နိုင်ငံတွင်းရှိဒေသတော်တော်များများတွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကြောင့် လူငယ်များသည် ပြည်ပနိုင်ငံများသို့သွား၍ ပညာသင်ကြားခြင်း၊ အလုပ်အကိုင်များ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၇) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီကျေးရွာ အထက(ခွဲ) ကျောင်း၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များ အကြောင်းရှင်းလင်း ပြောကြားခြင်း၊ သဘာဝဘေးများဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်း၊ သရုပ်ပြလေ့ကျင့်ခြင်း၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် (၂၇၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် သတိပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၀-၁၁-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် သတိပေးဆိုင်းဘုတ်စိုက်ထူပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောစဉ်
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၇-၁၁-၂၀၁၇) ရက်နေ့၊ (၁၀းဝဝ) နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူနှင့် ပြည်သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များ၊ နံရံကပ်ဗီနိုင်းများ ဖြန့်ဝေခြင်းလုပ်ငန်းအား မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။









