Category Archives: News
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်ညွှန်းကျေးရွာအုပ်စု၊ နတ်ညွှန်းရွာသစ်ကျေးရွာ၌ (၁၇-၁၁- ၂၀၁၇)ရက်နေ့က ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၁၆,၈၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၁၆,၈၀၀)တို့အား (၂၂-၁၁-၂၀၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးလောင် ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာ၌ (၁၇-၁၁- ၂၀၁၇)ရက်နေ့က ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၄,၂၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၀၄,၂၀၀)တို့အား (၂၂-၁၁-၂၀၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်း ကျေးရွာ၌ (၁၇-၁၁- ၂၀၁၇)ရက်နေ့က ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၁၀,၅၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၁၀,၅၀၀)တို့အား (၂၂-၁၁-၂၀၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာ၌ (၁၇-၁၁- ၂၀၁၇)ရက်နေ့က ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေကျပ် (၂၅,၂၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၂၅,၂၀၀)တို့အား (၂၂-၁၁-၂၀၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
UEHRD ၏ ရည်မှန်းချက်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်အတွင်း ရေရှည်ပဋိပက္ခကင်းဝေးရေး ကြိုးပမ်းမှုအဖြစ် မတူကွဲပြားမှုများအား ကောင်းစွာစီမံခန့်ခွဲခြင်း Diversity Management in the Age of Globalization ဖိုရမ်ကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ နိုဝင်ဘာလ(၂၂)ရက် မတူကွဲပြားမှုများကြောင့် ဖြစ်ပွားလာနိုင်သောပြဿနာများ၊စိန်ခေါ်မှုများကို ထိရောက်စွာ ဖြေရှင်းကျော်လွှားနိုင်ရန်နှင့် မတူကွဲပြားမှုများ၏ စွမ်းပကားအခွင့်အလမ်းများကိုကောင်းမွန်စွာ အသုံးချစီမံခန့်ခွဲတတ်စေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်နှင့် ရခိုင်ပြည်နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေး ဖောင်ဒေးရှင်းများနှင့်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်ရှိလူ့အဖွဲ့အစည်းနှစ်ရပ်မှ ကိုယ်စားလှယ်များ၊ ပြည်ပမှဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ ပါဝင်တက်ရောက်ကြသည့် “ Diversity Management in the Age of Globalization” (၂) ရက်ကြာဖိုရမ်ကို နေပြည်တော်၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သပြေရုံအုပ်စု၊ သပြေရုံ ကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ခေါက်ဆွဲခြောက်ထုပ်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပိုအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
၂၀၁၇-၂၀၁၈ ခုနှစ်၊ ဆောင်းရာသီကာလတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေသတင်း (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၂) ရက်နေ့ ထုတ်ပြန်ချက်)
(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေ မျက်နှာပြင် အပူချိန်သည် သိသိသာသာ လျော့နည်းနေပြီး၊ လက်ရှိဖြစ်ပေါ်နေသော လေထု ဖြစ်စဉ်များမှာလည်း လာနီညာအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ လာနီညာ ဖြစ်ပေါ်မှုခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ်များအရ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ခုနှစ် ဇန်နဝါရီလအထိ လာနီညာဖြစ်ရန် အမြင့်ဆုံး ၇၅% အထိ ရှိလာနိုင်ပြီး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လခန့်တွင် ၆၀% သို့ ပြန်လည်လျော့ကျနိုင်ကြောင်း နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁၁-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ရပ်ကွက် (၇) ဥတ္တရဓမ္မာရုံတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများမဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်းစာစောင် များဖြန့်ဝေပေး ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူအင်အား (၁၂၀) ဦးခန့်ရှိကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၂၂-၁၁-၂၀၁၇)ရက်နေ့၊ (၉:၃၀)အချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ လပွတ္တာမြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦး၊ ဆရာ/ဆရာမ(၁၁)ဦး၊ စုစုပေါင်း (၂၁၁)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရွာသာကုန်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာတွင် (၂၀-၁၁-၂၀၁၇) နေ့က ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂)သိန်းတို့အား ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။









