Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာအုပ်စု၊ ချစ်သူကျေးရွာ၌ (၁၂-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀) ကျပ်တို့အား (၁၃-၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၈) ရက်နေ့တွင် မော်လမြိုင်မြို့၊ ဈေးချိုရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထု (၁၅၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၂-၂၀၁၈) နေ့၊ (၁၀း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် ပြည်သူလူထု (၈၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး တက်ရောက် လာသူများအား လက်တွေ့ပူးပေါင်းပါဝင်ဆောင်ရွက်စေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၁၂-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၈) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၅၄၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ဇင်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၉-၂-၂၀၁၈) ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ဇင်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာ၌ မီးလောင်းကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ မီးဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံံ့ငွေ (၁၀၆၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး ကတ္တူပုံးအပါ ၁ပုံးနှင့် Family Kits ၁ ပုံးတို့အား (၁၂-၂-၂၀၁၈) ရက်နေ့တွင် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၁၁-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၇) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့ပူးပေါင်း၍ (၁၁-၂-၂၀၁၈)ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာ၊ ပုဗ္ဗာရုံပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် တက်ရောက်ကြသူများအား ငလျင်ဘေးလက်ကမ်းစာစောင်များ၊ မြေငလျင်နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ရွှေ့ပြောင်းပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၁-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၇) လုံးအတွက် တစ်တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၁၀,၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၁၈)ရက်နေ့တွင် ကော့သောင်းမြို့၊ သောင်ဖြူကျေးရွာမှ ကျေးရွာနေပြည်သူ (၆၀) ဦးနှင့် ချောင်းစလန်းကျေးရွာမှ ကျေးရွာနေပြည်သူ (၇၀) ဦးတို့အား သဘာဝဘေးအသိပညာများနှင့် ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ မင်းကန်ပိုင်ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ မင်းကန်ပိုင်ရပ်ကွက်၌ (၁၀-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံံ့ငွေ (၁၀၀၀၀၀) ကျပ်၊ မီးဘေးသင့်လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံံ့ငွေ (၁၀၄၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး ကတ္တူပုံးအပါ ၁ပုံး ၊ Family Kits ၁ ပုံးတို့အား … Read more









