Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ သက္ကလမြို့၊ အောင်မင်္ဂလာ၊ ကန်တော်မင်္ဂလာရပ်ကွက်၌ (၁၈-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးပါ (၂) ပုံး၊ Family Kits (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၀) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀) ကျပ်တို့အား (၂၀-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၁-၂-၂၀၁၈) ရက်နေ့(၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာမှ ပြည်သူလူထု (၅၀) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ဥတ္တရသီရိမြို့နယ် မိုးဆွေအုပ်စု ပန်းတင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= (၂၀-၂-၂၀၁၈) ရက်နေ့၊ (၁၀း၁၅) နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ် မိုးဆွေအုပ်စု ပန်းတင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘေးသင့်ခဲ့သည့် အိမ်ခြေအိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁)သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀) ကျပ်တို့အား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ယင်းနေ့ (၁၄းဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာ ဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ အောင်ဇေယျလမ်းတွင် (၁၉-၂-၂၀၁၈) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ Family Kits (၂၆) မျိုးပါ (၁) ပုံး၊ ပလပ်စတစ်ပုံး (၁) ပုံးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀) ကျပ်တို့အား … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ
၂၀-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး H.E Ms. Vanessa Chan က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရသစ်အနေဖြင့် ပြည်သူများ အခြေခံလူ့အခွင့်အရေး ပြည့်ဝစွာ ရရှိခံစားနိုင်ရေးကြိုးပမ်းဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ တည်ထောင် ထားပြီးလုပ်ငန်းကော်မတီများဖွဲ့စည်း၍ ၂၀၁၆ ခုနှစ်၊ မေလမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊ … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအခမ်းအနားသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲ (၂၀) ဦး၊ သင်တန်းသား၊ သင်တန်းသူ (၂၈) ဦး၊ စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၀-၂-၂၀၁၈) ရက်နေ့မှ (၂၂-၂-၂၀၁၈) ရက်နေ့အထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပျက်စီးသွားသော ချောင်းကူး တံတားတည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ပဲခူး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့နှင့်အဖွဲ့သည် ပဲခူးတိုင်း ဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကုက္ကိုကျေးရွာအဝင် စစ်တောင်းမြစ်လက်တက်ချောင်းအား ဖြတ်သန်းတည်ဆောက်ထားသောတံတားသည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၈) ရက် နေ့၌ စစ်တောင်းမြစ် ဒီလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရာ အဆိုပါ တံတား (၂) စင်း အတွက် (၁၉-၂-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအစည်း အဝေးခန်းမ၌ ငွေကျပ် (၂၀၃.၉၁၈) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခရား အတွင်း ကျေးရွာတွင် (၁၈-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၁)စုစာ၊ Family kit(၁)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀၀/-)ကျပ်တို့အား (၂၀-၂-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အနောက်ပြင်ကျေးရွာမှ အိမ်ထောင်စု (၆၃၀) စု၊ လူဦးရေ (၂၂၇၂) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ (၄၀၄) အိတ်နှင့် (၆) ပြည်တို့အား (၂၀-၂-၂၀၁၈) ရက်နေ့တွင် သွားရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ လုံးကေကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား(၁၂၀)ဦးရေခန့့်အားလည်းကောင်း၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကောင်းမှုစဉ်ကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား (၁၃၀) ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းသည့်အကြောင်းအရာများရှင်းလင်းဆွေးနွေးခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









