Category Archives: News
-
ရေကြည်မြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၈) ရက်နေ့တွင် မြို့နယ် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်အတူ ရေကြည်မြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #ayy_Oct2018
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်း မြို့နယ်၊ ရွှေရောင်ချကျေးရွာအုပ်စု၊ ဘုံမဲဇာကျေးရွာတွင် (၆-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေး ကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၉-၁၀-၂၀၁၈) ရက်နေ့ (၁၅း၁၅) နာရီအချိန်တွင် ကျန်ရစ်သူမိသားစုဝင်ထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ရှေ့မှောက်၌ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_Oct2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်မြိုင်ကျေးရွာ၌ လူငယ်များ အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်းဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ်လှူဒါန်းမှု သတင်း
အောက်တိုဘာလ၊၉ ကော့ကရိတ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာ၌ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်းဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ် လှူဒါန်းပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညိုနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသည်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလျက်ရှိပြီး တိုင်းရင်းသားအရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် တည်ငြိမ်းအေးချမ်းမှုမရှိသေးသော ဒေသများကျန်ရှိနေသေး ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိပြီးဖြစ်သောဒေသတွင် တည်ငြိမ်းအေးချမ်းမှုကိုတည်တံ့အောင် ဆက်လက် … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ တာငုတ်ကျေးရွာနှင့် သက္ကယ်ပြင်အုပ်စု ၊ငှက်ပျောတောကျေးရွာတို့၌ (၂၇-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၂၁) လုံးအတွက် (၃၈၈,၇၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၂၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၁,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၆၁,၇၀၀/-) ကျပ်တို့အား (၉-၁၀-၂၀၁၈) ရက်နေ့ တွင် … Read more
-
ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ တောက်တာကုန်းကျေးရွာရှိ Cyclone Shelter ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ တောက်တာကုန်းကျေးရွာရှိ Cyclone Shelter တွင် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မြို့နယ်စာရင်းစစ်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ လိုက်ပါဆောင်ရွက်ခဲ့ပြီး အဆိုပါ Cyclone Shelter တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်အား (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ပြလို့ကျေးရွာအုပ်စု၊ ပြင်းပေါက်ကျေးရွာတွင် (၈.၁၀.၂၀၁၈)ရက်နေ့၊ (၁၃း၅၀)နာရီမှ (၁၃း၆၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၇)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀/-)ကျပ်နှင့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၄၄၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထာင်စာတို့အား (၉.၁၀.၂၀၁၈)ရက်နေ့တွင် အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ပြင်းပေါက်ကျေးရွာစာရေးလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_oct2018 Source: သရက်ခရိုင်ဦးစီးမှူးရုံး … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာ အုပ်စု၊ ဗလဘကျေးရွာ၌ (၂-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်တိတိကို (၉-၁၀-၂၀၁၈) ရက်နေ့တွင် အောက်ဆီဂျင်အခမဲ့ကူညီရေးနှင့် အာဟာရကုသိုလ်အဖွဲ့မှ ကိုကျော်သူသူနှင့် ဗလဘကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမြဆောင်တို့နှင့်အတူ သေဆုံး သူ၏ ဖခင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #mgy_Oct2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများသိရှိစေရန်အတွက် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ ပြည်ထောင်စုလမ်း၊ မြို့တော်ခန်းမ ဘေးလက်ဝဲဘက်လမ်းဆုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗွီနိုင်း ဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_Oct2018
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာ၌ (၂၂-၉-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၂) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၆၀၀,၀၀၀/-) ကျပ်နှင့် ဆေးရုံတက် ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၅၀,၀၀၀/-) ကျပ်တို့အား (၉-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာခရိုင်ဦးစီးမှူးရုံး ဖွင့်လှစ်ခြင်း
================================================ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၀-၂၀၁၈) ရက်နေ့တွင် ယင်းမာပင်မြို့၊ (ခ) ရပ်ကွက်၊ ပုလဲ-ဂန့်ဂေါလမ်းအရှေ့ဘက်၊ ခရိုင်စုပေါင်းရုံး၌ ယင်းမာခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ရာ ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။









