Category Archives: News
-
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းရှိ ဘောလုံးဝါသနာရှင် ကလေးငယ်နှင့် ရန်ကုန်မြို့ရှိ နားမကြားသော ကလေးငယ်ဘောလုံးသမားများ၊ A Heart for Myanmar မှ ကလေးများ၊ Child labor ကလေးငယ်များနှင့် ရန်ကုန်မြို့ရှိ အခြားကလေးငယ်များအား ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ သင်တန်းပေးခြင်း၊ ပညာရေးအစီအစဉ်ဆောင်ရွက်ပေးခြင်းအစီအစဉ်တို့တွင် ရေသန့်နှင့် POCARI SWEAT များ ထောက်ပံ့ခြင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၀-၂၀၁၈) ရက်နေ့တွင် A Heart for Myanmar Foundation Ltd မှ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းရှိ ဘောလုံးဝါသနာရှင် ကလေးငယ် (၂၀) ဦးတို့အား မြဝတီနယ်စပ်မှတဆင့် ဖိတ်ခေါ်၍ (၂၀-၁၀-၂၀၁၈) ရက်နေ့မှ (၂၂-၁၀-၂၀၁၈) ရက်နေ့ထိ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ သင်တန်းပေးခြင်း၊ ပညာရေးအစီအစဉ်ဆောင်ရွက်ပေးခြင်းအစီအစဉ်နှင့် Fun Game နှင့် Friendly … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
================================================ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၄)ရွာ၌ (၁၇-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၂၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၈၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၀၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၂၂,၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၀၂၂,၆၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၂၈) စုစာတို့အား (၁၉-၁၀-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်း
================================================ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ပြည်သူများသဘာဝဘေးအသိပညာတိုးပွားစေရေးအတွက် ဖလမ်းမြို့ မြို့လမ်းဆုံအနီးရှိ ဗန်ကာအိုလမ်း မြို့နယ်လမ်းဦးစီးဌာနနှင့် ကမ္ဘောဇဘဏ်ရှေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာအား စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၁၈) ရက်နေ့တွင် လွိုင်ကော်မြိုနယ်၊ အ.ထ.က(၆)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ(၁၈၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာ၌ (၁၇/၁၈-၁၀-၂၀၁၈) ရက်နေ့တို့တွင် မြစ်ရေတိုက်စားကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၁,၀၀၀,၀၀၀/-)၊ လူဦးရေ (၃၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၇၃,၅၀၀/-) ကျပ် ၊ စုစုပေါင်း (၁,၀၇၃,၅၀၀/-) ကျပ်တို့အား (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၉/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၁၈)ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ဟသာၤတမြို့၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၉/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပြပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်း ပွဲကို ကျောင်းအုပ်ကြီးကိုယ်စား ဟသာၤတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၅၄) … Read more
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီမှ (၁၄း၀၀) နာရီအချိန်ထိ ကြာပန်းကျေးရွာ၊ သီရိမင်္ဂလာဓမ္မာရုံတွင်လူဦးရေ (၂၀၀) ဦးအားသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ရာ ပြည်သူလူထုများစိတ်ဝင်စားစွာ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mon_Oct2018
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ထွန်းစိန်ကျေးရွာ၌ (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၀၆း၃၀) နာရီအချိန်၌ ပင်လယ်ကမ်းစပ်မှ ပေ (၁၅၀) ခန့်အကွာ ပင်လယ်ပြင်အတွင်း ငါးဖမ်းနေစဉ် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #ygn_Oct2018
-
မြစ်သာမြစ်ရေတက်ပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာ၌ (၁၄-၁၀-၂၀၁၈) ရက်နေ့တွင် မြစ်သာမြစ်ရေတက်ပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ရသည့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-) ကျပ်တို့အား (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံး၌ သက်ဆိုင်ရာ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #sgg_Oct2018
-
မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ဆေးသမားကျွေးရွာအုပ်စု၊ အုန်းတောချေကယ်ဆယ်ရေးစခန်း၌ (၁၈-၁၀-၂၀၁၈) ရက်နေ့ (၂၃း၃၀) နာရီအချိန်တွင် (၈) ခန်းတွဲ အဆောင် (၁၅) ဆောင် မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁၄၁) စု၊ လူဦးရေ (၈၂၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၄၁) ပုံး၊ လူဦးရေ (၈၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၇၂၆,၂၀၀/-) ကျပ်နှင့် သေဆုံးသူ ကျား … Read more









