Category Archives: News
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ (ဖုန်းဆိုးတောင်၊ ဗျင်းဘွဲ့) ကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၂) ရွာ၌ (၁၃-၁၁-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၅) လုံး၊ စုစုပေါင်းနေအိမ် (၃၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၅၀,၀၀၀/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၅) … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ADRA အဖွဲ့နှင့် ပူးပေါင်း၍ (၁၄-၁၁-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့နယ်၊ ကော့နွဲရွာဟောင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ လူဦးရေ (၅၀) ဦးတက် ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၅-၁၁-၂၀၁၈) ရက်နေ့အထိ (၂) ရက်တာဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #krn_nov2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၈) ရက်နေ့တွင် ရွှေးကူမြို့နယ်၊ မဏိသြဂကျေးရွာ စာသင်ကျောင်း၌ နံနက် (၀၉း၀၀) အချိန်မှ (၁၀း၀၀) နာရီအချိန်အထိ မီးဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ\ဆရာမနှင့်ကျောင်းသူ\သား စုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_nov2018
-
Mainstreaming DRM in Development Plan သင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၄.၁၁.၂၀၁၈)ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၌ ခရိုင်ဌာန ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကို ထည့်သွင်းပေါင်းစပ်ခြင်းဆိုင်ရာသင်တန်း (Mainstreaming DRM in Development Plan training)အား ဖွင့်လှစ်ခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာမှ သင်တန်းသား (၂၆)ဦး တက်ရောက်ခဲ့ပြီး (၃) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #kyh_nov2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း၌ နံနက် (၁၀း၀၀) နာရီမှ (၁၁း၀၀) နာရီအချိန်အထိ မီးဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ\ဆရာမနှင့်ကျောင်းသူ\သား စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သောလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၁၁.၂၀၁၈)ရက်နေ့တွင် (၁၄း၀၀)နာရီအချိန်မ ှ(၁၅း၀၀)နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က(၇)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ(၂၀၀)ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_nov2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၁၁.၂၀၁၈)ရက်နေ့တွင် နေ့လယ် (၁၃:၃၀)မှ (၁၆:၀၀)နာရီချိန်ထိ လယ်ဝေးမြို့နယ်၊ ကံသာ(အ.ထ.က)စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၄၁၈)ဦးတို့အား သဘာဝဘေးအသိပညာများဟောပြောဆောင်ရွက် ခဲ့ပြီး စာသင်ကျောင်းအတွက် ဗီနိုင်းပိုစတာနှင့် ကျောင်းသား/ကျောင်းသူများအား လက်ကမ်း စာစောင်နှင့် ဘောပင်များဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #npw_nov2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ထပ်ခနိမ်ကျေးရွာအုပ်စု၌ (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၄-၁၁-၂၀၁၈) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #bgo_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၈)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာရှိ မူလွန်ကမြောကြီး ကျောင်း၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅၀)ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးထံသို့ ဗွီနိုင်းပိုစတာပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ပနန်းကျေးရွာအုပ်စု၊ ပနန်းကျေးရွာ၌ (၁၄-၁၁-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီမှ (၁၅း၃၀) နာရီထိ ကျေးရွာနေပြည်သူ(၁၀၀) ဦးခန့်အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ် များဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် ဘေး(၈)မျိုးပါလက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ဆပ်ပြာ မှုန့်ထုပ်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #mgy_nov2018









