Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်
၁၄ ဒီဇင်ဘာ၊ ကလေးမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနိုင်သက်လွင်နှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့တော်ခန်းမ၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့အစိုးရက တရားဥပဒေစိုးမိုးရေနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုအစဉ်တစိုက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို အသက်အရွယ် အမျိုးအစားအလိုက် ဆောင်ရွက် ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်မှစတင်၍ ရှေးဦးအရွယ်ကလေးသူငယ်များ၊ အမျိုးသမီး ငယ်များ၊ လူငယ်များသက်ကြီးရွယ်အိုများသာမက၊ မသန်စွမ်းများစသည်တို့ကို … Read more
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ငလျင်ဘေးနှင့်စပ်လျဉ်း၍ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈) ရက်နေ့တွင် အထက( ၂)၊ တောင်ကြီးမြို့၌ ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအားဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၄၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအားငလျင်ဘေး အသိပညာပေးဟောပြောခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများပြသခြင်းနှင့် ပညာပေး ဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ( ၁၄-၁၂-၂၀၁၈)ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၁၄)လမ်းရှိ အခြခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၈၀)ဦး၊ စုစုပေါင်း (၁၉၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ (၁၀၀၀)နာရီမှ (၁၂၀၀)နာရီအချိန်ထိ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အ-လ-က(ရွာသီ)ကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ဟောပြောဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသူ/သားစုစုပေါင်း (၂၀၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ငလျင်နံရံကပ်ပိုစတာများပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးနှင့်စပ်လျဉ်း၍ ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ (၁၅-၁၂-၂၀၁၈)ရက်နေ့တွင် ဖျာပုံမြို့ ခလရ(၉၈)ခြေလျင်တပ်ရင်းတပ်မိသားစုများအား မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအားဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ တပ်မိသားစုများမှ (၇၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသောမိသားစုများအား မီးဘေးလက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာများကို ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ (၁၀၀၀)နာရီမှ (၁၁၀၀)နာရီအချိန်ထိ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ မုဆိုးကွင်းကျေးရွာရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ များ နှင့် ကျောင်းသား/သူ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မိုးကြိုးဗီနိုင်းပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ်(၁)အဖွဲ့နှင့်အတူ (၁၂-၁၂-၂၀၁၈)ရက်နေ့၌ ညောင်တုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ တိုးချဲ့နယ်မြေတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁၀) လုံး၊ အိမ်ထောင်စု(၁၀)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၁,၀၀၀,၀၀၀)၊ လူဦးရေ(၄၅)ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ်(၉၄,၅၀၀)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁,၀၉၄,၅၀၀)တို့အား (၁၄-၁၂-၂၀၁၈)ရက်နေ့ (၁၄၁၅)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ချင်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ (၁၀၃၀)နာရီမှ (၁၂ဝဝ)နာရီ အချိန်ထိ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဖာရွန်းကျေးရွာအုပ်စု၊ ဖာရွန်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန် အချက်များကိုဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့၊ (၁၁၀၀)နာရီတွင် ချောင်းဆုံမြို့နယ်၊ ခရိုက်နှီးဟုကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှုပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၅၀)ဦးတင်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
-
ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေး ကျင်းပခြင်း
================================================= Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership-MPP)တို့ ပူးပေါင်း၍ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ပေါင်းစပ်ညှိနှိုင်းမှု အစည်းအဝေးအား (၁၄-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ YCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။









