Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၁၈) ရက်နေ့၊ နေ့လယ် (၀၁း၃၀) နာရီမှ (၀၃း၃၀) နာရီအထိ စစ်တွေမြို့၊ ကျက်တောပြင်ကျေးရွာ၊ ကျေးရွာခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ကျေးရွာသူ/သား (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား ဘေး (၈) မျိုးပါလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် အချိုရေများ ဖြန့်ဝေပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၁၈) ဖွင့်ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်တွင် မြဝတီမြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ လူမှုကယ်ဆယ် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းများသို့ သွားရောက်အားပေး
==================================================== ဒီဇင်ဘာ ၂၃ ၊ ရန်ကုန်—————- ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၃-၁၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းများသို့ ရောက်ရှိပြီး သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် မသန်စွမ်းသက်ကြီးသင်တန်းကျောင်းသို့ရောက်ရှိရာ သင်တန်း ကျောင်းအုပ်က သင်တန်းနှင့်ပတ်သက်ပြီး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ရာ လက်ရှိတွင် ဤသင်တန်းကျောင်းမျိုးသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသာ ရှိသေးပြီး အကန့်အသတ်ဖြင့် လက်ခံသင်ကြားနေရသည်ကို သိရှိရကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်အင်္ဂါ မသန်စွမ်းသူ များစွာရှိကြောင်း၊ မသန်စွမ်းများ၏ အခွင့်အရေးများကို … Read more
-
မုန်တိုင်းဒီရေသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၁၈) ရက်နေ့တွင် (၀၉း၀၀) နာရီအချိန်မှ (၁၁း၀၀) နာရီအချိန်ထိ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာအုပ်စု၊ မလကျွန်းကျေးရွာ၌ မုန်တိုင်းဒီရေသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မလကျွန်းကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၂၀၀) ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက် မုန်တိုင်းးဒီရေသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပြီး ခေါက်ဆွဲခြောက်များ၊ မုန့်များနှင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ် မရိုးတောကျေးရွာ၊ (အ-လ-က) ကျောင်း၌ ရွာသူ/ရွာသား (၇၀) ဦးအား သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများဖြန့်ဝေခဲ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်များအတွင်း လူမှုကာကွယ်စောင့်ရှောက်မှုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် သဘာဝဘေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်
=================================================== ဒီဇင်ဘာ ၂၂ ၊ နေပြည်တော်————— ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးခြင်း အခမ်းအနားကို (၂၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ တရားမျှတမှု ခံစားရရှိရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြည်သူများ ခံစားနေရပါကြောင်း၊ … Read more
-
ပက်ပြဲ Shelter ဆောက်လုပ်ရန်အတွက် အကြိုလုပ်ငန်းညှိနှိုင်းမှု အစည်းအဝေးကျင်းပခြင်း
================================================= Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၌ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာတွင် Shelter ဆောက်လုပ်ရန်အတွက် လုပ်ငန်းမစတင်မီ ဆောက်လုပ်ခွင့်ရသည့် ဇေယျာမြင့်မိုကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာတည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းမှုအစည်းအဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဇေယျာမြင့်မိုကုမ္ပဏီမှ တာဝန်ရှိသူများက Power Point များဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကရင်ပြည်နယ် သံတောင်မြို့ မသိခန်းမ၌ ပြည်သူလူထု စုစုပေါင်း (၁၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန် ရှောင်ရန်များ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များနှင့် ဗီနိုင်းပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၈) ဖွင့်လှစ်ခြင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၈)အား သင်တန်းသား/သူ (၅၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး (၂၁-၁၂-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနားအား ကျင်းပခဲ့ပြီး ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေက အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များပေးခြင်းနှင့် သင်တန်းသား/သင်တန်းသူကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်နေ ဒေါ်ကျင်ပုအသက် (၇၁) နှစ် နေအိမ်၌ (၂၁-၁၂-၂၀၁၈) ရက်နေ့၊ (၁၉း၂၀) နာရီအချိန်တွင် လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၁) လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-) နှင့်လူဦးရေ (၆) ဦးအတွက် ၇ ရက်စာ ဆန်ဖိုးငွေ … Read more









