Category Archives: News
-
မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သောသင်တန်း၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်ခန်းစာများအား ပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ မီးသတ်ဦးစီးဌာနမှ (၂) ပတ်ကြာဖွင့်လှစ်မည့် ဖျာပုံမြို့နယ်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်း၌ တက်ရောက်နေသည့် သင်တန်းသား (၇၀) ဦးအား (၁၀-၁-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်ခန်းစာနှင့် ဦးစီးဌာန၏ဆောင်ရွက်နေမှုများကို ရှင်းလင်းခဲ့ပါသည်။ အဆိုပါသင်တန်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ဖျာပုံမြို့ ရပ်ကွက်/ကျေးရွာ များမှလူငယ်များ ပါဝင်တက်ရောက်နေပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးကော်မတီ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဇေယျာမွန်ရပ်ကွက်၊ ဓမ္မာရုံ၌ (၁၀-၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ လူဦးရေ (၂၂၅) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2019
-
ခရိုင်ဦးစီးမှူးရုံးများရှိ ဦးစီးအရာရှိများအား ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိနားလည်စေရန်အတွက် တွေ့ဆုံညှိနှိုင်း ခြင်း ကျင်းပပြုလုပ်မှုသတင်း
(၁၀-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) ၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)၊ အစည်းအဝေးခန်းမ တွင် ခရိုင်ဦးစီးမှူးရုံးများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးအရာရှိများအား ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိ နားလည်စေရန်အတွက် တွေ့ဆုံညှိနှိုင်းခြင်း ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်မှ အဖွင့်အမှာ စကားပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။ #dg #npw_jan2019 Source: DDM
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ ပန်လော့ကျေးရွာအုပ်စု အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူ (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ နောင်ဆာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၆၀) ဦးအား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန လုပ်ငန်း ဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့် … Read more
-
ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ၌ (၈-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ထောင်စု (၃၉၆) စု၊ လူဦးရေ (၁၉၂၃) ဦး၊ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ (၃) ကျောင်းတို့ လေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့် နေအိမ်များ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁,၄၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၈၂) လုံး … Read more
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ရန်ကုန်-မြောင်းမြ-လပွတ္တာ အဝေးပြေးလမ်းမ၊ မီတာ (၄၀၀) ကားဝန်းအနီး၌ ယခင်စိုက်ထူထားခဲ့သည့် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်မှာ ပျက်စီးနေပါသောကြောင့် (၉-၁-၂၀၁၉) ရက်နေ့တွင် အသစ်လဲလှယ်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၁:၃၀) နာရီအထိ ကျိုင်းတုံမြို့ ယန်းလောကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(ယန်းလော)၌ ကျောင်းသူ၊ ကျောင်းသား (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီထိ ယန်းလောကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(ဝမ်နားခမ်း)၌ ကျောင်းသူ၊ ကျောင်းသား (၁၂၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်များ၊ ဗီဒီယိုပြသခြင်း၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာရှိ လေဘေးသင့် ပြည်သူများကို တွေ့ဆုံအားပေး၍ ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီ စီစဉ်ဆောင်ရွက်
ရေး၊ ဇန်နဝါရီ ၉ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်တို့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး ၊လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာ အုပ်စုအောက်ဆိပ် ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများကို ဆပ်ကပ် လှူဒါန်းပြီး လေဘေးသင့်ပြည်သူများထံသို့ သွားရောက်တွေ့ဆုံအားပေးခြင်းနှင့် လိုအပ်သော ထောက်ပံ့ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယဝန်ကြီးနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့အဖွဲ့သည် ရေးမြို့နယ်၊ … Read more
-
မြစ်ကြီးနားမြို့ ပရဟိတဂေဟာနှင့် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများအား ထောက်ပံ့မှုများ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်
================================================== ဇန်နဝါရီ ၉ ၊ မြစ်ကြီးနား——————- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မေတ္တာရင်ခွင် ပရဟိတဂေဟာနှင့် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကူညီ ထောက်ပံ့ခြင်း လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၉-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မေတ္တာရင်ခွင် ပရဟိတဂေဟာ၌ ကလေးသူငယ်များနှင့် တွေ့ဆုံရာ နိုင်ငံတော်အစိုးရက ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြခြင်းဖြစ်၍ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ မိုးသီတာကျေးရွာ၌ (၃-၁-၂၀၁၉) ရက်နေ့၊ (၁၀း၃၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ အဆိုပါအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၄)မျိုး (ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စပါယ်မျှောင်ကျေးရွာအုပ်စု၊ ညောင်ပင်ကပ်ကျေးရွာ၌ (၇-၁-၂၀၁၉) ရက်နေ့၊ (ဝရး၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော … Read more









