Category Archives: News
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၉)ရက်နေ့၊ (၀၉၃၀)နာရီမှ (၁၂း၀၀)အထိပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျေးရွာသား/သူ(၁၅၀)ဦးအားအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ အောက်ဆီဂျင်အခမဲ့လူမူကူညီရေးအသင်း၊ဥက္ကဌ၊ ဦးဝဏ္ဏ္ဏ္ဏအောင်မှ သဘာဝဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်၊ဖြစ်ပွားပြီးချိန်များ၌ ဒေသခံ CSOs များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပက်သက်၍ ဆွေးနွေးခြင်း၊ မဇ္ဈိမသတင်းဂျာနယ်၊ သတင်းထောက်၊ ဦးပြည့်ဖြိုးကျော်မှ သဘာဝဘေးနှင့်ပက်သက်၍အသိပညာများ၊ ထင်မြင်ယူဆချက်များအားဆွေးနွေးခြင်း၊ ရင်ခွင်မဲ့ကလေငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ရေစကြိုမြို့နယ်၊ အတွင်းရေးမှူး၊ ကိုကျော်သူသူမှ သက်ငယ်မုဒိန်းလျော့ချရေးနှင့် လူကုန်ကူးမှု ပပျောက်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး … Read more
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ဘုရားကျေးရွာတွင် (၉-၂-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၇,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၇,၃၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၂)စု၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ထောင်စု (၂)စုစာတို့အား (၁၂-၂-၂၀၁၉)ရက်နေ့ (၁၁၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်သောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူမျာအားဆက်လက်ထောက်ပံ့ပေးအပ်
ဖေဖော်ဝါရီ၁၁၊ စစ်တွေ ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကယနေ့နံနက်ပိုင်းတွင် စတုတ္တအကြိမ် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ချောင်းတူကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာပင်မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသောတိုက်ပွဲရှောင်အိမ်ထောင်စု(၆၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး၊ကျားလုံချည်(၆၈)ထည် ၊မလုံချည်(၆၈)ထည်၊ တီရှပ်(၁၃၆)ထည်၊ စောင်(၁၃၆)ထည်၊ ဖျာ(၆၈)ခု ၊လူဦးရေ(၂၃၉)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ (၂၁၅၁၀၀၀ိ/-)၊စုစုပေါင်းထောက်ပံငွေတန်ဖိုး (၃,၃၈၃,၈၄၀ိ/-)အားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ ရခိုင်ပြည်နယ်ဦးမှူးရုံးမှ ပြည်နယ်ဦစီးမှူးဦးစီးဆောင်၍ စတုတ္တအကြိမ် ထပ်မံသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်ရှိသောတိုက်ပွားများကြောင့် တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့်ဒေသခံပြည်သူများအတွက် နိုင်ငံတော်အစိုးရကကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိရာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ၊ တတိယပတ်မှစတင်၍ (၂)ပတ်စာဆန်ရိက္ခာဘိုးငွေများကိုပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီး၂၀၁၉ ခုနှစ်၊ … Read more
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် (၉-၂-၂၀၁၉)ရက်နေ့ ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာနှင့် နမ့်ပျဉ်ကျေးရွာတို့မှရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများသည် ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အောင်ဆုပန်ဘုန်းကြီးကျောင်းနှင့် အမှတ်(၇)ရပ်ကွက်ရှိ ဓမ္မမေဒနီရွှေကျင်ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွေ့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု(၁၉၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် လူဦးရေ (၆၁၆)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁,၂၉၃,၆၀၀)ကျပ်အား (၁၀-၂-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိ/ မြို့ဖများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ၊ ပင်မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ (၁၉၃,၈၀၀/-) ကျပ်တန်ဖိုးရှိသော ကျားလုံချည် (၆၈) ထည်၊ (၁၄၉,၆၀၀/-) ကျပ်တန်ဖိုးရှိသော မလုံချည် (၆၈) ထည်၊ (၁၈၉,၀၄၀/-) ကျပ်တန်ဖိုးရှိသော တီရှပ် (၁၃၆) ထည်၊ (၃၆၀,၄၀၀/-) ကျပ်တန်ဖိုးရှိသော စောင် (၁၃၆) ထည်၊ (၃၄၀,၀၀၀/-) ကျပ်တန်ဖိုးရှိသော … Read more
-
ပလက်ဝမြို့နယ်ဦးစီးမှူးရုံး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်၊ ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ ကီမိုခန်းမ၌ (၁၁-၂-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ပလက်ဝမြို့နယ်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စုစုပေါင်းလူဦးရေ (၂၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #chn_feb2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်း
================================================= Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် ခန္တီးမြို့နယ် လက်ပံသာကျေးရွာ၌ ကျေးရွာသူ\ရွာသား (၇၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကန်သာဦးရပ်ကွက်၊ နယ်မြေ(၃)သီတာလမ်း၌ (၁၁-၂-၂၀၁၉) ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာတို့အား (၁၁-၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စီမံချက်ပြင်ဆင်ရေးဆွဲရန်ကိစ္စနှင့်စပ် လျဉ်း၍ အလုပ်အမှု ဆောင်အစည်း အဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ADB တို့ပူးပေါင်း၍ ပုသိမ်မြို့၊ စွမ်းဟိုတယ်၌ (၁၁-၂-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စီမံချက်ပြင်ဆင်ရေးဆွဲရန်ကိစ္စနှင့်စပ်လျဉ်း၍ ပထမအကြိမ်အလုပ်အမှုဆောင်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ စုစုပေါင်းလူဦးရေ (၃၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_feb2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီးတွင် မသန်စွမ်းသူများ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်
============================================ ဖေဖော်ဝါရီ ၁၁၊ နေပြည်တော်—————- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ အားလုံးအတွက် ကနဦး ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့က မကွေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မကွေးမြို့နယ်အတွင်းရှိ မိခင်ဝိုင်း များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များအား ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ၊ ပြည်သား များအားလုံး လူမှုကာကွယ်စောင့်ရှောက်ရေးတွင် … Read more









