Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့တွင် သီပေါမြို့နယ်၊ ဆွန်အိုက်ကျေးရွာသို့ ရောက်ရှိခိုလှုံလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၆၀) စုမှ လူဦးရေ (၁၆၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ဆန်ရိက္ခာ ၇ ရက်စာ (၃၃၆၀၀၀) ကျပ်တိတိတို့အား (၁၆-၂-၂၀၁၉) ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်မှူးများနှင့် ကျောက်မဲခရိုင်ဘေး/စီမံဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခြင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသည် Plan International Myanmar နှင့်ပူးပေါင်း၍ (၁၆-၂-၂၀၁၉) ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်မှ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ၊ အရန်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ အင်အား (၅၀) ဦးဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ Plan International Myanmar တာဝန်ရှိသူတို့မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကာလမှာ (၃) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်၌ (၁၄-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၆,၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး (၁) … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောခြင်း
================================================= Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲခရိုင်င်ကြက်ခြေနီအသင်းနှင့့််ပူးပေါင်း၍ (၁၆-၂-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီအချိန်မှ (၁၄း၀၀) နာရီအချိန်အထိ သံတွဲမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေဆံတော်တောင်ခြေဓမ္မာရုံ၌ အမှတ်(၄)နှင့် အမှတ်(၅) ရပ်ကွက်သူ/များအား ငလျင်ဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ရပ်ကွက်သူ/သား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ် မင်္ဂလွန်းကျေးရွာအုပ်စု ခမွန်မြန်မာစုကျေးရွာ၌ (၁၃-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၀၅၀၀) ကျပ်နှင့် လေးထောင့်ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး (၁) အိမ်ထောင်စာနှင့် Family Kit (၁) ပုံးတို့အား (၁၅-၂-၂၀၁၉) … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးမြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူခြင်း
================================================= Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား ပြည်သူများ သိရှိစေရန်အတွက် (၁၅-၂-၂၀၁၉) ရက်နေ့တွင် မုံရွာမြို့၊ ဘူတာရုံရှေ့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးမြေစိုက်ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ပါကြောင်း သိရှိရပါသည်။
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ မင်းကျေးရွာအုပ်စု၊ မင်းကျေးရွာ၌ (၁၅-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄၆,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၉၆,၂၀၀/-) ကျပ်တို့အား (၁၆-၂-၂၀၁၉) ၇က်နေ့တွင် အရာတော်မြို့နယ် … Read more
-
မိုးခေါင်ရေရှားဘေးအပါအဝင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ရွာငံမြို့နယ် နမ့်ခုံးကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၌ မိုးခေါင်ရေရှားဘေးအပါအဝင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၁၇၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် အဆိုပါကျေးရွာအတွင်း မိုးရေသိုလှောင်ထားရှိသည့် ရေကန်အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းအုပ်စု၊ မင်းရွာကျေးရွာ၌ (၁၃-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ကိုရင်ကြီး (၁) ပါးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၂,၁၀၀/-) ကျပ်နှင့် သင်္ကန်း (၁) စုံတို့အား (၁၅-၂-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #bgo_feb2019
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
=============================================== ဖေဖော်ဝါရီ ၁၅၊ နေပြည်တော်——————- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံရှိ (၁၂) လရာသီများ၌ တပို့တွဲလသည် အအေးဓါတ် အမြင့်ဆုံးကာလဖြစ်ပြီး အသားအရေ အဆီဓာတ် ခန်းခြောက်ချိန်ဖြစ်ကာ ဆီနိုင်သော အပူဓာတ်စာ ထမနဲကို စားသုံးခြင်းဖြင့် အသားအရေ စိုပြေလာစေခြင်း၊ ထမင်းနဲထိုး ပြိုင်ပွဲကြောင့် ဝန်ထမ်းများ ချစ်ကြည်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းလာစေပြီး မြန်မာ့ရိုးရာဓလေ့ ဖြစ်သော ထမင်းနဲထိုးပွဲကိုအစဉ်အလာမပျက်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ … Read more









