Category Archives: News
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၉)ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ သရက္ကံကြီးကျေးရွာအုပ်စု၊ မင်းရွာတောကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ပြီး မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)၊ ဘေးသင့်ပြည်သူ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁) ပုံးတို့ကို မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ (၁၅-၃-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အဆိုပါကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသားများကို သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_fir #sgg_mar … Read more
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုမိန်းစခန်းခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ၊ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီး နောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ကျေးရွာအတွင်းကျရောက်နိုင်သော ဘေးအန္တရာယ်များထိခိုက်ခံရ လွယ်မှုများနှင့် အရင်းအမြစ်များကို ၎င်းတို့ကိုယ်တိုင်သိရှိနိုင်စေရန် ကျေးရွာမြေပုံရေးဆွဲခြင်း၊ ပူးပေါင်းဆောင် ရွက်မှု အားကောင်းစေရန်အဖွဲ့အစည်းများဖွဲ့စည်းခြင်း ဘေးအန္တရာယ်ဖြစ်ပွါးလာပါက တုံ့ပြန်ဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို တက်ရောက်သူကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသား စုစုပေါင်း (၁၆၀) … Read more
-
လေပြင်းဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၁၉) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ မြှုံးဝကျေးရွာအုပ်စု၊ မြှုံးဝ(မ)ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး အမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၁၀,၅၀၀ိ/-)နှင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀,၅၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
“နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၂/၂၀၁၉)”
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ထုတ်ပြန်ချက်အရ- မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်း တို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျးရွာ၌ (၁၂-၃-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉,၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၉,၉၀၀/-) ကျပ်အား (၁၄-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
လေပြင်ဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၅-၃-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ လစဉ်၊ လဝက်နှင့် လကုန်ရက်တို့တွင် ကျင်းပလျက်ရှိသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ (၂၀၄) ဦးနှင့် ကျေးရွာတာဝန်ခံ ရာအိမ်မှူး (၆၀၂) ဦး စုစုပေါင်း (၈၀၆) ဦးတို့အား လေပြင်းဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လေပြင်းဘေး အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာ၌ (၁၃-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ /အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာနှင့် Care Myanmar ပလပ်စတစ်ဖျာ (၂) ချပ်တို့အား … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတချကျေးရွာ၌ (၁၃-၃-၂၀၁၉)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ရပ်ရွာပြည်သူ(၉၀)ဦးတို့အားလည်းကောင်း၊ (၁၅း၃၀)နာရီအချိန်တွင် လိုဘာခို့ကျေးရွာတွင် ရပ်ရွာပြည်သူ(၁၅၀)ဦးတို့တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_mar2019
-
သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း၏ ချီဖွေ-ပန်ဝါ ခရီးစဉ်သို့ လိုက်ပါလျက် (၁၂-၃-၂၀၁၉) ရက်နေ့တွင် ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း၌ ကျင်းပသော လူထုတွေ့ဆုံပွဲအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏မူဝါဒ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေးနှင့် ပတ်သက်သည့် ထောက်ပံ့ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင်များ ဖြစ်သည့် ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး စသည့်သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များအား ပေးအပ်ခဲ့ပါကြောင်းသိရှိရပါသည်။ #ar #kcn_mar … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာ၊ ပင်မဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၈) အိမ်ထောင်စုစာနှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၁၃၅,၀၀၀/-) ကျပ်အား (၁၃-၃-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_mar2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









