Category Archives: News
-
မုန်တိုင်းဘေး ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် DRR Working Group (Kayin State) တို့ပူးပေါင်း၍ (၁၈.၆.၂၀၁၉) ရက်နေ့မှ (၁၉.၆.၂၀၁၉) ရက်နေ့ထိ လှိုင်းဘွဲမြို့နယ်၊ ဒေါ်လန်းကျေးရွာတွင် ကျေးရွာနေပြည်သူလူထု အင်အား (၂၅၀) ဦးဖြင့် မုန်တိုင်းဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_str #krn_jun2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကသာခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ လက်ပံဇင်ကျေးရွာ (၁၇.၆.၂၀၁၉)ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို ပြောင်းရွှေ့အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၃)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ (၃၇,၈၀၀/-)ကျပ်ကို ဘေးသင့်ပြည်သူထံ (၁၉.၆.၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jun2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၆-၂၀၁၉) ရက်၊ နေ့ (၁၃း၀၀) နာရီတွင် ကော့ကရိတ်မြို့နယ်၊ အမှတ် (၁၅) အခြေခံပညာမူလတန်း ကျောင်းမှ ဆရာ/မနှင့်ကျောင်းသား/သူ (၅၀) ဦးခန့်အား ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံ ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခဲ့ပြီးလက်ကမ်း စာစောင်များ ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၆-၂၀၁၉) ရက်နေ့တွင် ပူတာအိုမြို့နယ်၊ မြို့ရပ်ကွက်၊ မြို့မဈေး အတက်ပန်းခြံကုန်းရှေ့တွင် သဘာဝဘေးအသိပညာ ပေးဆိုင်းဘုတ်များစိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun 2019 Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေများလှူဒါန်းပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၆.၂၀၁၉)ရက်နေ့တွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်းဘုရားကုန်းရပ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလံ (၆၀၀၀)ကို ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၆.၁၉)ရက်နေ့၌ ကသာမြို့နယ်၊ ကျောင်ထုံးကြီးကျေးရွာတွင် ကျေးရွာသူ၊ ကျေးရွာသား(၉၀)ဦးခန့်ကို သဘာဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #sgg_jun2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၈.၆.၂၀၁၉)ရက်နေ့တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၌ မိုးသက်လေပြင်းကြောင့် သစ်ပင်ဖိကာ ပြိုလဲပျက်စီးခဲ့သောအိမ်၁လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ (၁)သိန်း၊ ယိုင်နဲ့အိမ်ခြေ (၁)လုံးအ တွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)စုစာ အိမ်ဆောက်ပစ္စည်းဖိုး၊ (၁)သိန်း လူဦးရေ(၁၄)ဦးအတွက် ဆန်ဘိုး (၂၉,၄၀၀/-)ကျပ်တို့ကို (၁၈.၆.၂၀၁၉) ရက်နေ့ (၁၄း၅၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၁၉) ရက်နေ့တွင် World Vision နှင့်ပူးပေါင်း၍ ချာင်းဝကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဆိုင်းဘုတ် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2019 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်သဘာဝဘေးကော်မတီလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၈.၆.၂၀၁၉)ရက်နေ့ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာ၌ မိုးသက်လေပြင်းကြောင့် သစ်ပင်ပိကာ ပြိုလဲခဲ့သော အိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ (၁)သိန်းနှင့် လူ (၅)ဦးအတွက် ဆန်ဘိုး (၁၀,၅၀၀/-)ကျပ်တို့အား (၁၈.၆.၂၀၁၉) ရက်နေ့ (၁၃း၅၀)နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်စခန်းများရှိ အမျိုးသမီးများအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းများထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ယာယီခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်စခန်းများရှိ အမျိုးသမီးများအတွက် ရည်ရွယ်ကာ အမျိုးသမီးလစဉ်သုံးပစ္စည်းများအား စစ်တွေမြို့နယ်အတွင်းရှိ (၃၄)ဦးအတွက် (၃၄) ထုပ် (၁၀ ခုပါ)၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိ (၄၀၁) ဦးအတွက် (၄၀၁)ထုပ် (၁၀ ခုပါ)၊ ကျောက်တော်မြို့နယ်အတွင်းရှိ (၇၅၁) ဦးအတွက် (၇၅၁) ထုပ် (၁၀ ခုပါ)၊ စုစုပေါင်း လူဦးရေ(၁၁၈၆) ဦး အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း (၁၁၈၆) ထုပ်အား (၁၉-၆-၂၀၁၉)ရက်နေ့တွင် … Read more









