Category Archives: News
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၁-၉-၂၀၁၉) ရက်နေ့ (၁၄:၀၀)အချိန်တွင် မော်လမြိုင်ကျွန်းမြို့၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ရုံး Community Centre ၌ ကျောင်းသား/ ကျောင်းသူ (၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေထိုင်ရန် (၁၀.၉.၂၀၁၉) ရက်နေ့တွင် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၁)စု၊ ကျား(၄၇)ဦး၊ မ(၅၁)ဦး၊ လူဦးရေ (၉၈)ဦးအတွက် ဆန်ရိက္ခာ ၁၄ရက်စာ ဆန် ၁၄အိတ် ၇ပြည်အား (၁၁.၉.၂၀၁၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၉) ရက်နေ့တွင် မြိတ်မြို့ အ.ထ.က (၆) ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ အင်အား (၆၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး ဘောပင်နှင့် လက်ကမ်း စာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_sep2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် မြိတ်မြို့နယ်၊ သဘွတ် အ.ထ.က၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၂၀၀) ဦးခန့်အားလည်းကောင်း၊ (၁၃း၀၀) နာရီ အချိန်တွင် မြိတ်မြို့နယ်၊ အ.ထ.က (ခွဲ) ပပြင်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၅၀၀) ဦးတို့အား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_sep2019
-
ကျောင်းသား/သူများအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၉.၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၁း၃၀) နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-ညောင်ချောင်း) ၌ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ အင်အား စုစုပေါင်း(၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ar #mon_sep2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဖိုက်ဘာစက်လှေ လွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှာဖွေကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်း များဆောင်ရွက်ရန်အတွက် ဟင်္သာတမြို့နယ်၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌထံသို့ ဖိုင်ဘာ စက်လှေ (၁)စီး ဆက်စပ်ပစ္စည်းအစုံကို (၁၁-၉-၂၀၁၉) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_sep2019
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ပဲခူးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ******************************************* ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၃)စင်တီမီတာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။ အကြံပြုချက် ******************* သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)နာရီမှ (၁၁း၀၀)အထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ကွန်းရွာကျေးရွာအုပ်စု၊ အ-ထ-က-(ခွဲ)ကွန်းရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရန် ကျောင်းသား/သူ(၂၀၁)ဦးအား လည်းကောင်း၊ ကွန်းရွာကျေးရွာအုပ်စု၊ အ-ထ-က(ခွဲ)ရွှေတန်းတစ်တွင် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ ကျောင်းသား/သူ(၂၁၄)ဦး၊ စုစုပေါင်း(၄၁၅)ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး ငလျင်လှုပ်ခတ်နေစဥ ်ဆောင်ရန်ရှောင်ရန်များကို လက်တွေ့သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ – #Unicode Version# #ar #mgy_sep2019 … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ခနောင်ရွာမကျေးရွာအုပ်စု၊ ခနောင်မီးခြစ်စက်ကျေးရွာတွင် (၂၇-၈-၂၀၁၉)ရက်နေ့(၁၆:၄၅)နာရီအချိန်တွင် ဆီတင်တွဲမီးလောင်ပေါက်ကွဲမှုကြောင့် လူနေအိမ်ခြေ(၂)လုံးပြိုကျပျက်စီးခဲ့ပြီး၊ လူ(၂)ဦးသေဆုံး၊ လူ(၂)ဦး ဒဏ်ရာရခဲ့ရာ၊ သေဆုံးလူ(၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၆၀၀၀၀ဝိ/-)၊ ဒဏ်ရာရရှိသူ(၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၀၀၀၀ဝိ/-) နှင့် ပြိုကျနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၂၀၀၀၀ဝိ/-)၊ အိမ်ထောင်စု(၂)စုမှလူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၄၇၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၉၁၄၇၀ဝိ/-)အား မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ(၁၀-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_sep2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကျောင်းသား/သူများအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၁း၃၀) နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ အင်အား စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ar #mon_sep2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)









