Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကော့ကျေးရွာတွင်ဖွင့်လှစ်ထားသည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးစခန်း၌ (၁၆-၉-၂၀၁၉)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီမှ(၁၀း၀၀)နာရီအထိ သဘာဝဘေးအသိပညာပေးကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့်ဖြစ်ပွါး တတ်သောဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များအကြောင်းဘေးအန္တရာယ်မဖြစ်ပွါးမီဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါကတုန့်ပြန်ဆောင်ရွက်သည့် အနေအထားများကို ပြသခြင်း၊ဂိမ်းများကစားခြင်းဖြင့်သင်တန်းသား/သူ(၃၁)ဦးအားဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_ sep 2019
-
ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၁၂.၉.၂၀၁၉)ရက်နေ့တွင်ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ဆင်ကျွန်းကျေးရွာ ၌မြစ်ကမ်းပါးပြိုကျမှုကြောင့်ကမ်းပြိုကြိုတင်ရွှေ့ပြောင်းနေအိမ်(၅)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ဝိ/-) အား(၁၆.၉.၂၀၁၉)ရက်နေ့နံနက်(၁၁း၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_sep2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆-၉-၂၀၁၉)ရက်နေ့ နေ့လည် (၁၂)နာရီချိန်မှ ၁၃း၃၀အချိန်ထိ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာသူ/သား(၆၅)ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2019 Source: တမူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေး ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာတွင် (၁၂-၉-၂၀၁၉)ရက်နေ့ (၁၂း၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေသင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀ဝိ/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀ဝိ/-)ကျပ်၊ စုစုပေါင်း(၂၀၈၄၀ဝိ/-)တို့အား (၁၆-၉-၂၀၁၉)ရက်နေ့ (၁၂း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ – #ha_rbe #mgy_sep2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် မိမိပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍ အလိုက် အချိတ်အတက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့် အတူ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးလုပ်ငန်းများကို ထည့်သွင်း ဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေး အန္တရာယ်မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်များကို ဆင့်ပွားအသိ ပညာပေးနိုင်ရန် ရည်ရွယ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ရုံးသည် “တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(၂/၂၀၁၉)” ဖွင့်ပွဲအခမ်း အနားအား (၁၆-၉-၂၀၁၉) ရက်နေ့ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆.၉.၂၀၁၉) ရက်နေ့ မကွေးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းကို အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုအဖွ့ဲမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး သဘာဝဘေးဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် အရပ်ဖက်အဖွ့ဲအစည်း(၁၇)ဖွ့ဲမှ သင်တန်းသားသင်တန်းသူ(၂၅)ဦး တက်ရောက်ပြီး သင်တန်းကာလ(၁၆.၉. ၂၀၁၉)ရက်မှ(၂၀.၉.၂၀၁၉)ရက်အထိ(၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆.၉.၂၀၁၉)ရက်နေ့ လောင်းလုံးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများနှင့် ဌာနဆိုင်ရာများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ အင်အား(၂၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ဒေသများ အလျင်အမြန်ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းငွေများလက်ခံရရှိမှုသတင်း
စက်တင်ဘာ၁၅၊ရန်ကုန် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများ အလျင်အမြန်ပြန်လည်ထူထောင်ရေးအတွက် စေတနာရှင် ပြည်သူများ၏ လှူဒါန်းငွေများ၊ လူအသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ညနေပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လာရောက်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလက်ခံရယူခဲ့ပါသည်။ အခမ်းအနားတွင် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးကရေဘေးသင့်ဒေသများအတွက် ယခုလိုလာရောက် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်အလှူငွေများကိုပေးအပ်ရာ ဒဂုံအရှေ့ စက်မှုဇုန် အပိုင်း(၁) အဆင့်မြှင့်တင်ကြီးကြပ်မှုကော်မတီက ငွေကျပ် (၇,၇၅၅,၀၀၀-/) နှင့် ငွေကျပ် (၁,၁၈၅,၀၀၀-/) တန်ဘိုးရှိလူအသုံး အဆောင် ပစ္စည်းများ၊ဒဂုံမြို့သစ် … Read more
-
ဆရာ/မ၊ ကျောင်းသား/သူများအား သဘာဝဘေးအသိပညာပေး ဟောပြောဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၁၉)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဥပဒေ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီဦးတိုကျေးရွာအုပ်စု၊ မဲဇလီဦးတိုကျေးရွာ အထက (ခွဲ)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် ရှင်းလင်းဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာ၌ ဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်ထည်ဖော်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်ရန်ကိစ္စများ၊ ဝန်ကြီးဌာနနှင့် နားလည်မှုသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးအတွင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကို ပြည်သူများအကျိုးရှိစွာ ခံစားရရှိစေရေး လိုအပ်သော ညှိနှိုင်းကြီးကြပ်မှုများ၊ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး … Read more









