Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၀-၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့၊ ဓမ္မာရာမကျောင်း တိုက်သို့ ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၄၀) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ၊ ဆန် (၅) အိတ်၊ ဆန် (၂၀) ပြည်အား (၈-၁၀-၂၀၁၉) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_oct2019 Source: စစ်တွေမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
(၇၀)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်မှုသတင်း
အောက်တိုဘာ ၉၊ ဂျီနီဗာ (၇၀)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အမှုဆောင်ကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အဦး Assembly Hall တွင် ၇.၁၀.၂၀၁၉ နေ့၊ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Ms. Amina J. Mohammed နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mr. Filippo Grandi … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့သို့ ယာယီရောက်ရှိခိုလှုံနေထိုင်လျက်ရှိသော ဝိဘဇ္ဇဝါဒီ (ပရဟိတ) ကျောင်းတိုက်မှ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၄၆) ဦး၊ ကျက်တောပြင်ကျေးရွာမှ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၃၂) ဦးနှင့် ဗုဒ္ဓမော်ကျောင်းတိုက်မှ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၅၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၅) စု၊ လူဦးရေ (၁၃၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ၊ ဆန် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ မဂုကျေးရွာအုပ်စုမြစ်ပိုးကျုံစိန်ကျေးရွာ(အ.မ.က)စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၆၀)ဦးကို မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မုန်တိုင်းဘေးနှင် အခြားဘေးများ၏ဆောင်ရန်ရှောင်ရန်အချက်များ၊သရုပ်ပြခြင်းများနှင့်ယင်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ဆောက်လုပ်ပြီးစီးပြီဖြစ်သောMulti Purpose Shelter ကို သဘာဝဘေးဖြစ်ပွားပါကမည်သို့အသုံးပြုရမည်များကိုအသိပညာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_oct 2019
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ဦးဆောင်သောအဖွဲ့အား ကြက်ခြေနီလှုပ်ရှားမှု Red Cross Movement (RCM) မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံမှုသတင်း
အောက်တိုဘာ ၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကြက်ခြေနီ လှုပ်ရှားမှု Red Cross Movement (RCM) မှ တာဝန်ရှိသူများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ဥက္ကဌ ဒေါက်တာဒေါ်မြသူ၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)မှ Head of Country Office Mr. Joy Singhal … Read more
-
Multi Purpose Shelter တည်ဆောက်ပြီးစီးမှုအခြေအနေသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် အောက်တိုဘာလ (၈) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ မြစ်ပိုးကျုံစိန်ကျေးရွာ၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် Apex Partners Co. မှ တာဝန်ယူတည်ဆောက်နေသော Multi Purpose Shelter (၁၀၀)ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေနှင့် လွှဲပြောင်းလက်ခံမှုအခြေအနေများကို မြို့နယ်ကော်မတီနှင့် ကျေးရွာကော်မတီအဖွဲ့တို့နှင့်အတူ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #၀tr #ayy_oct2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ချောင်းရေမျောပါသေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်ရွာအုပ်စု (၆-၁၀-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြက်ဆူချောင်းအတွင်း ချောင်းရေမျောပါသေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်ကို (၈-၁၀-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျန်ရစ်သူ မိသားစု၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mdy_oct2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများမှ ဦးဆောင်၍ (၈-၁၀-၂၀၁၉)ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၀၀)နာရီအထိ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ADPC တို့နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ ဈေးသစ်ရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်ရှိ ပြည်သူများနှင့် ဌာနဆိုင်ရာများစုစုပေါင်း (၃၅၀) ဦးတို့ မြေပြိုဘေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ADPC အဖွဲ့အစည်းမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်သဘာဝဘေး … Read more
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၀.၂၀၁၉) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ လော်ရီကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ဖိုးငွေ (၃၀၀,၀၀၀/-)ကျပ်ကို (၈.၁၀.၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #krn_oct2019 Source: ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ ရေလည်ကုန်းကျေးရွာ၌ (၆.၁၀.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သဖြင့် အဆိုပါတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၇၀၀၀ဝိ/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၃၃၆၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ(၃၀၃၆၀ဝိ/-)ကျပ်တို့အား (၈.၁၀.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_oct2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)









