Category Archives: News
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားအား (၁၈-၁၀-၂၀၁၉) ရက်နေ့တွင် မော်လမြိုင်မြို့ SUNSHINE HOTEL ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း အင်အား (၄၀၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mon_oct2019 Source: မွန်ပြည်နယ်ဉီးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပ မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားအား ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ (၁၈-၁၀-၂၀၁၉) ရက်နေ့ နံနက် (၀၉:၀၀) မှ (၉:၅၀) အထိကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး စုစုပေါင်း အင်အား (၃၅၀) ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #otr #shn_oct2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာလ (၁၈) ရက်နေ့တွင် ခရိုင်အဆင့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ဖျာပုံမြို့ ဆရာဇော်ဂျီစာကြည့်တိုက်ခန်းမတွင်ကျင်းပခဲ့ရာ အဖွင့်အမှာစကားကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက ဖတ်ကြားခဲ့ကာ NGOအဖွဲ့မှ ဖျာပုံခရိုင်အတွင်း သဘာဝဘေးလုပ်ဆောင်နေမှုများရှင်းလင်း ပြောကြားခဲ့၍ အခမ်းအနားဖြစ်မြောက်ရေးအတွက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ် ခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ NGO၊ INGOများ၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူ … Read more
-
မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဒုတိယပိုင်းကျင်းပ
အောက်တိုဘာ ၁၇၊ နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံ အထူးပညာရေးအသင်းတို့ ပူးပေါင်းကျင်းပသော မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဒုတိယပိုင်းအစီအစဉ်အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပရာပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မသန်စွမ်းသူတိုင်းတွင် မသန်သော်လည်းစွမ်းနိုင်မှုတစ်ခုခု ရှိကြရာ စွမ်းနိုင်သမျှ စွမ်းအောင် မြှင့်တင်ပေးရန်လိုကြောင်း၊ မည်သည့်မသန်စွမ်းမှု အမျိုးအစား ဖြစ်စေကာမူ မသန်စွမ်းသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိရန်လိုပါကြောင်း၊ မသန်စွမ်းသူများအား စွမ်းနိုင်သမျှစွမ်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကန်ချောင်ကျေးရွာအုပ်စု၊ လက်ခုပ်ပင်ကျေးရွာ၌ (၁၀-၁၀-၂၀၁၉) ရက်နေ့ (၁၇:၀၀) အချိန်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သရက်ပင်ပြိုလဲကျရာ နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ၎င်းဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း (၁၀) မျိုးနှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်တို့ အား (၁၇-၁၀-၂၀၁၉) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ … Read more
-
ကျည်ထိမှန်မှုကြောင့် သေဆုံးသူအတွက် ထောက်ပံ့သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာမှ ကျည်ထိမှန်မှုကြောင့် သေဆုံးသူ ဆီဒီးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများက (၁၈-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ ha_otr rke_oct2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု၊ အလယ်ကျွန်းကျေးရွာတွင် (၁၀-၁၀-၂၀၁၉) ရက်နေ့၌ ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသောအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေကျပ် (၁၀၀,၀၀ဝ) ကျပ်၊ ဘေးသင့်လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေကျပ်(၁၈,၉၀ဝ) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၈,၉၀ဝ) ကျပ်တို့ကို လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကမ်းပြိုဘေး သင့်ပြည်သူများလက်ဝယ်သို့အရောက် (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #ayy_oct2019 … Read more
-
လေဘေးသင့်နေအိမ်များနှင့် မိုးကြိုးဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ပကွဲရေလဲအုပ်စု၊ ခြံတန်းကျေးရွာ၌ (၇-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး (ဝါးအိမ်-၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၆၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀ဝ/-)ကျပ်တို့အား လည်းကောင်း၊ တောင်ပို့တစ်ရာအုပ်စု၊ သာဒုချောင်းအုပ်စုနှင့် နန်းတော်ကျွန်းအုပ်စုတို့၌ (၁၄-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲ(ဝါးအိမ်-၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စု၊ မအူချောင်းကျေးရွာတွင် (၁၆-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၁၁) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၉၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ (၂၃,၁၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၁၃,၁၀၀) ကျပ် တို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ (၁၇-၁၀-၂၀၁၉) … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အုပ်စု(၃)စု(အိပ်ပျက်၊အင်္ဂရမ်း၊တောင်လုံးစု)၊ ကျေးရွာခွဲ (၃) ရွာတို့၌ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ရသော အိမ်ခြေ (၁၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၆၂) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ( ၁၃၀,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၆၃၀,၂၀၀/-) ကျပ်တို့အား (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် ဟသာင်္တမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more









