Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၆-၁၂-၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကျေးရွာပြည်သူလူထု(၁၀၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်နှင့်မုန့်များဝေငှခဲ့ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဗီနှိုင်းနှင့်ပိုစတာ များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_dec 2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၅-၁၂-၂၀၁၉) ရက်နေ့တွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ(၄)လုံး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉၄၀ဝိ/-) ကျပ် စုစုပေါင်း ကျပ် ( ၄၂၉၄၀ဝိ/-)တို့အား (၆-၁၂-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်းရေးဌာနအစည်းအဝေးခန်းမ၌ မိုးကွဲကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_dec2019 Source: … Read more
-
သဘာဝပေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့တွင်ဖာပွန်မြို့နယ်၊ အ.လ.က(၄)ဖာပွန်ကျောင်း ၌ ကျောင်းသား/သူ (၂၅၀)ဦးတို့ကို မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက် များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_dec2019 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ (၆.၁၂.၂၀၁၉)ရက်နေ့ နံနက်(၁၀)နာရီမှ (၁၁:၃၀)အထိ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်တွင် ရပ်ကွက်နေပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ လူဦးရေ(၆၀)ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ သရက်ပင်ကျေးရွာ၌ ပြည်သူလူထု (၁ဝ၀) ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့် ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ) #ar #ygn_dec2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်မှ (၁၀:၃၀) နာရီအချိန်အထိ ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာ၊ (အ.ထ.က) ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၁၀၈၀) ဦး တို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများ ကို လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #mgy_dec2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၂.၂၀၁၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အတူ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအုပ်စု၊ ကိုးပင်စံပြကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၄၆) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိ ပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2019 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်(၅-၁၂-၂၀၁၉)ရက်နေ့တွင် ရေဦးမြို့နယ်၊ ပင်စီကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံးမှ အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်တို့အား (၆-၁၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg_dec 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပို့ချခြင်းနှင့် DAN Mobile application မိတ်ဆက် ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်နယ် ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်သော”ဘက်စုံဘေးကင်းလုံခြုံသည့် စာသင်ကျောင်းလုပ်ငန်းများ မိတ်ဆက်က်ခြင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနား” တွင် ဆရာ၊ဆရာမ (၄၀) ဦးတို့အား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခြင်းနှင့် DAN Mobile application မိတ်ဆက်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၂.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့်အတူ ဆင်ပေါင်ဝဲမြို့နယ်၊ ကျားထူးဆန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၁၆)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဟောပြော ခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2019 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









