Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မြေနုကျေးရွာ အုပ်စု၊ မြေနုကျေးရွာတွင် (၆-၁၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို ပြောင်းရွှေ့အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၈,၉၀၀) ကျပ် အား (၉-၁၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက် ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_dec2019 Source … Read more
-
ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၂.၂၀၁၉)ရက်နေ့၊ (၁၀:ဝ၀)ချိန်မှ (၁၁:၃၀)ချိန်အထိ ဥတ္တသီရိမြို့နယ်၊ ဗိုလ်ရွေး(အ.ထ.က)စာသင်ကျောင်းတွင်် ကျောင်းသား/သူ စုစုပေါင်း (၂၀၀)ခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2019 Source: ဉတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့(၁၂:၀၀) နာရီမှ (၁၃:၄၀) နာရီအထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ နယ်၊ ကန်ရွာကျေးရွာ၌ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျေးရွာ၊ ပြည်သူလူထု(၁၁၀၀) ဦးခန့်တို့အား ငလျင် ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉)ရက်နေ့(၀၉:၀၀)နာရီချိန်တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် သင်တန်းသူ(၇၀) ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec 2019
-
ပြည်နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသင်တန်း(BDMC)ဖွင့်ပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ ပြည်နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသင်တန်း(BDMC)ဖွင့်ပွဲ အခမ်းအနားအား (၉.၁၂.၂၀၁၉)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့ပညာရေးကောလိပ်ပညာညီလာခန်းမတွင် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ သင်တန်းသား(၅၀)ဦး၊ စုစုပေါင်းအင်အား(၈၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2019 Source: မွန်ပြည်နယ်ဦးစီးမှုးရုံး (ဘစမ)
-
School Cum Shelter(၅၀%)ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား သွားရောက်စစ်ဆေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၉-၁၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ ဓနိဆိပ်ကျေးရွာတွင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဦးဘန်သိန်းကုမ္ပဏီမှ တာဝန် ယူတည်ဆောက်လျှက်ရှိသော School Cum Shelter (၅၀%) ဆောက်လုပ်ပြီးစီးမှုအခြေအနေများ အား မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_dec2019
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့တွင် (၁၀:၃၀) နာရီမှ(၁၁:၃၀) နာရီအထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ၊ (DAN Application) ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာဆွေးနွေးမှုများကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထုအင်အား(၁၂၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ လူမှု၀န်းထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်း ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးနှင့်စည်ပင်သာရေး ၀န်ကြီး၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး/ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်းလူဦးရေ(၈၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_dec 2019
-
သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC)အမှတ်စဉ် (၂/၂၀၁၉) ဖွင့်ပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြို့နယ်ထွေ/အုပ်အစည်းအဝေးခန်းမ၌ (၉-၁၂-၂၁၀၉) ရက်နေ့တွင် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၂/၂၀၁၉) အား ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သင်သန်းသူ/သား စုစုပေါင်းအင်းအား (၆၀) ဦး တို့ဖြင့် သင်တန်းဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့တွင် မုံရွာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားအား မြို့နယ်အုပ်ချုပ် ရေးမှူး/ဌာနဆိုင်ရာများနှင့် သင်တန်းသူ/သင်တန်းသား စုစုပေါင်း လူဦးရေ(၈၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #sgg_dec2019









