Category Archives: News
-
ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၉:၃၀) ချိန်မှ (၁၁:၃၀) ချိန်အထိ တပ်ကုန်းမြို့နယ်၊ မကျည်းပင်(အ.ထ.က) စာသင်ကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ရာကျောင်းသား/သူ (၂၀၀) ဦး တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပို စတာများဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #npw_dec_2019 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (2-12-2019)ရက်နေ့ (၁၃: ၀၀)နာရီအချိန်တွင် ကနီမြို့နယ်စည်ပင်သာယာဈေးအရှေ့ တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_dec20109 Source: ကနီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် ရေစကြိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ပခုက္ကူခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/ သူ စုစုပေါင်းအင်အား (၇၅) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂-၁၂-၂၀၁၉) ရက်နေ့မှ (၄-၁၂-၂၀၁၉) ရက်နေ့အထိ သင်တန်းသား (၃၀) ဦး ဖြင့်ဖွင့်လှစ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း
ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ် မြကန်သာရပ်ကွက်၌ (၁.၁၂.၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင် မြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_dec2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်တွင်းနေရပ်စွန့်ခွါသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တွေ့ဆုံမှုသတင်း
ရန်ကုန်၊ ဒီဇင်ဘာလ(၁)ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံ ဆိုင် ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးဦးဆောင်သော ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပနိုင်ငံတကာအဖွဲ့အစည်းများက ပြည်တွင်း နေရပ်စွန့်ခွါသူများပြန်လည်နေရာချထားရေးနှင့် IDPစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ လာရောက်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေး မှူးနှင့်အတူ UNDP, UN Habitat, UNICEF Myanmar, IOM, FAO, UNHCR, WFP, WHO, … Read more
-
ကျောင်းသား/သူ၊ ဆရာ/မများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၁၂..၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ ထိ ကျိုင်းတုံမြို့၊ ကလေးပြုစုရေးသင်တန်းကျောင်းတွင် ကျောင်းသူ/ကျောင်သား နှင့် ဆရာမ(၆၀) ဉီးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec_2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျှားရှည်ကျေးရွာအုပ်စု၊ ညောင်ချောင်း (စံပြ) ကျေးရွာ၌ (၁.၁၂.၂၀၁၉) ရက်နေ့တွင် (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ပြည်သူလူထု (၁၅၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာအုပ်စု၊ ခမောင်းတုန်းကျေးရွာ၊ ဝဇီရာမဘုန်းကြီးကျောင်းဓမ္မာရုံ၌ (၃၀.၁၁.၂၀၁၉)ရက်နေ့၊ (၁၁:၃၀)နာရီချိန်မှ (၁၃:၃၀)နာရီချိန်အထိ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကို ဆောင်ရွက်ခဲ့သည်။ ထိုဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး/လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း(ငြိမ်း)၊ သံတွဲမြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၅၁)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_dec2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည်(၃၀ -၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) မှ (၁၂:၀၀) ထိတာချီလိတ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ဖွင့်လှစ်သည့် ရှေ့ဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ (ECCD) အခြေခံသင်တန်း၌တက်ရောက်သည့် သင်တန်းသူ/ သင်တန်းသားများအား သဘာ၀ဘေးအသိပညာပေးခြင်း၊ သဘာ၀ဘေးစီမံခန့်ခွဲမှုနှင့်စပ် လျဉ်း၍ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆွေးနွေးပွဲတွင်ရာသီဥတုပြောင်းလဲခြင်း နှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သောဘေးအန္တရာယ်များနှင့် သဘာ၀ ဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီး နောက်ပိုင်းဆောင်ရန်/ ရှောင်ရန်များဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေ ထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ရုပ်ပုံများအားပြန်လည်ပုံဖော်ပြီး … Read more
-
မြန်မာ − အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်း (Myanmar ASEAN Women’s friendship Association) က One Stop Women Support Center သို့ လှူဒါန်းငွေများ ပေးအပ်
ရန်ကုန်၊ နိုဝင်ဘာလ(၃၀)ရက် မြန်မာ − အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်း (Myanmar ASEAN Women’s Friendship Association) က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး သက်မွေးအတတ်ပညာကျောင်းသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာ − အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်း ဥက္ကဌ ဒေါ်လွင်လွင်မှန်၊ မြန်မာနိုင်ငံဆိုင်ရာစင်္ကာပူသံအမတ်ကြီး H.E. Ms Vanessa Elisabeth Chan Yuen … Read more









