Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၁.၂၀၂၀)ရက်နေ့ နံနက် (၁၀:ဝဝ)နာရီ မှ (၁၁:၃၀)နာရီ အထိ မိုင်းဖြတ်မြို့နယ်၊ နမ့်နန်းအာခါကျေးရွာရှိအခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမ၊ ကျောင်း သား၊ ကျောင်းသူနှင့် ကျေးရွာသူကျေးရွာသား စုစုပေါင်း (၅၀) ဦး အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများ ဆိုင်ရာ အသိပညာပေးဟောပြောပွဲအားပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈)မျိုး ဆောင်ရန် ရှောင်ရန်များ၊ ဘေး (၈) မျိုး … Read more
-
မိုင်းထိဒဏ်ရာရ ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ တရဂူကျေးရွာအုပ်စု၊ သရဖီ(နတလ) ကျေးရွာမှ ဦးရွှေလှအောင်(ဘ)ဦးသာဝင်း အသက်(၅၂)နှစ်၊ (၁) ဦးအတွက် ဒဏ်ရာရ ထောက်ပံ့ ငွေ(၅၀,၀၀၀) ကျပ်အား(၁၆-၁-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke _jan2020 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်၊ ချင်းပျံလမ်း၌ (၁၄-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်တို့အား (၁၆-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၌ (၁၅-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၁၆-၁-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ အင်းနို့သိပ္ပံကျေးရွာအုပ်စု၊ အင်းနို့သိပ္ပံကျေးရွာ၌ (၁၂-၁-၂၀၂၀) ရက်နေ့၊ (၂၁:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၁၆-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #krn_jan2020
-
ရေနည်းမည့်အခြေအနေသတင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁၆-၁-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရေနည်းမည့်အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာသို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် (၅) ရက်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာ အောက်တွင် ဆက်လက်တည်ရှိနိုင်ပါ သည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဉီးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီချိန်မှ(၁၅:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေးရွာရှိ ရေကျော်ကြီး အလက(ခွဲ)ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၃၀) ဉီးတို့အား ဉီးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ထောက်ပံ့နှုန်းထားများနှင့် သဘာဝဘေးဖြစ်ပွား လာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသိပညာပေးဟော ပြောခဲ့ပြီး သရုပ်ပြဆောင်ရွက်စေခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲကို မီးသတ်ဉီးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက် ခဲ့ပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အုပ်စု၊ ဦးကံမြင့်(တဲတိုက်)၊ ဦးကျော်စိန်(တဲတိုက်)၊ ချောင်းဆင်း(တဲတိုက်)ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၅) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၆၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၆ – ၁ – ၂၀၂၀ ) ရက်နေ့ ( ၁၀ : ၀၀ … Read more
-
ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၂၀) ရက်နေ့တွင် ပြည်ထောင်စု/တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက် သော မကွေးတိုင်းဦးစီးမှူးရုံးနှင့် သိုလှောင်ရုံဆောက်လုပ်ခြင်းအတွက် ( ၀၉ : ၃၀ ) အချိန် ၌လည်းကောင်း၊ မကွေးတိုင်းဦးစီးမှူးရုံး (၄) ခန်းတွဲ၊ (၂ )ထပ် ဝန်ထမ်းအိမ်ရာဆောက် လုပ်ရန်အတွက် ( ၀၉ : ၄၅ ) အချိန်၌ ပန္နက်တင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး၊ အမျိုး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင် ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၁-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)ချိန်မှနေ့လည် (၁၂:၀၀)ချိန်ထိ ကော့ကရိတ်မြို့နယ်ရှိ အမှတ်(၈)အမကမူလွန်ကျောင်း၌ ဆရာ၊ဆရာမများနှင့်ကျောင်းသား/သူ စုစုပေါင်း(၁၂၀)ဉီးတို့ကို စီးဌာန၏လုပ်ငန်းတာဝန်များ၊ ထောက်ပံ့နှုန်းထားများနှင့် သဘာဝဘေးဖြစ်ပွားလာ ပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ၊ မိုးကြိုးဘေးဖြစ်ပွားလာပါက မည်သို့ပြုမူနေထိုင် ရမည်ကိုပါ သရုပ်ပြဆောင်ရွက်စေခြင်းဖြင့် အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ထိုဟောပြောပွဲ၌ ဘေး (၈)မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများအတွက် ဗလာ စာအုပ်များကိုလည်း တာဝန်ခံကျောင်းအုပ်ဆရာမကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ … Read more









