Category Archives: News
-
School Cum Shelter တည်ဆောက်မှုအခြေအနေအား ကွင်းဆင်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ရေဝေကျေးရွာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော ဘန်သိန်း Co. Ltd ၏ School Cum Shelter တည်ဆောက်ခြင်း (၁၀၀%) တည်ဆောက်ပြီးစီးမှုအခြေအနေနှင့်ရွေးကျေးရွာအုပ်စု၊ဂွေးချောင်းကျေးရွာမှ School Cum Shelter တည်ဆောက်ခြင်း (၇၅%) တည်ဆောက်ပြီးစီးမှုအခြေအနေအား မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ လွှတ်ေတာ်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများနှင့်အတူ (၁၅-၂-၂၀၂၀) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_feb 2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၂၀)ရက်နေ့၌ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ကျွေချိုင်ကျေးရွာအုပ်စု၊ ကျွေချိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀၅၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၀၅၀ဝ/-)ကျပ်အား (၁၅-၂-၂၀၂၀)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir … Read more
-
ထောက်ပံ့သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိလာသည့် ဒဏ်ရာရလူနာ (၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား (၁၄-၂-၂၀၂၀)ရက်တွင် ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_feb 2020
-
ထောက်ပံ့သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာအုပ်စု၊ သဗြုချောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် တစိတ်တပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁ဝဝဝ/-)၊ စုစုပေါင်းရန်ပုံငွေ(၄၁၀၀၀/-)ကျပ်ကို (၁၄-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_feb 2020 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့ (၁၁:၄၂)နာရီအချိန်တွင် ဖွီကျေးရွာအုပ်စု၊ လလှိုင်းကျေးရွာ၊ စာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူနှင့်ကျေးရွာနေပြည်သူများစုစုပေါင်း(၃၅)ဦးကို လည်းကောင်း၊ (၁၄-၂-၂၀၂၀)ရက်နေ့(၁၀:၀၄) နာရီအချိန်တွင် ဖွီကျေးရွာအုပ်စု၊ ဖွီကျေးရွာတွင် ကျောင်းသား/ကျောင်းသူနှင့်ပြည်သူလူထုစုစုပေါင်း(၁၅၀)ဦးကိုလည်းကောင်း၊ (၁၄-၂-၂၀၂၀)ရက်နေ့(၁၄:၃၀)နာရီအချိန်တွင် ဖွီကျေးရွာအုပ်စု၊ ရိပ်ကွင်းကျေးရွာတွင်ပြည်သူလူထု(၂၅)ဦးတို့ကို သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_feb 2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀)ရက်နေ့ နံနက်(၁၁း၀၀)အချိန်မှ(၁၂း၀၀)အချိန်ထိ အထက(၁)ကျောက်ဖြူမြို့၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ(၅၀၀)ဦးခန့်အားလည်းကောင်း၊ နေ့လည်(၁၃း၃၀)အချိန်မှ (၁၄း၃၀)အချိန်ထိ အထက(၂)ကျောက်ဖြူမြို့၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ (၃၅၀)ဦးခန့်အားလည်းကောင်း၊ ညနေ(၁၅း၀၀)အချိန်မှ(၁၆း၀၀)အချိန်ထိ အမက(မူလွန်) ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ (၈၀)ဦးခန့်တို့ကို သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ (၉၃၀)ခန့်အား လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_feb 2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့တွင် ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအုပ်စု၊ ကျောက်ညှပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးနေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၃၁၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၇၂၃၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး၊ (၄)အိမ်ထောင်စာတို့အား (၁၄-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_feb 2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကျင်းပမှုသတင်း
ဖေဖော်ဝါရီ ၁၄ နေပြည်တော် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးစိုးအောင်က တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက ယနေ့ဆွေးနွေးပွဲသည် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်နို်ငစေရန်အတွက် ယခုကဲ့သို့ လာရောက်ဆွေးနွေး ဟောပြောပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိပြီး တိကျစွာလိုက်နာဆောင်ရွက်ဖို့လိုကြောင်း၊ ရုံးတက်ရုံးဆင်းချိန်များတွင် အမြန်ရောက်လိုဇောဖြင့် လမ်းပြောင်းပြန်မောင်းခြင်း၊ ကျော်တက်ခြင်းများအား … Read more
-
ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေ ကျေးရွာအုပ်စု၊ ခမွေချောင်း(ခမီး)ကျေးရွာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရကျောင်းသား၊ ကျောင်းသူများအား သွားရောက်ထောက်ပံ့မှုသတင်း
၁၄ ဖေဖော်ဝါရီ၊ နေပြည်တော် ၁။ (၁၃-၂-၂၀၂၀)ရက်နေ့၊ (၀၈:၄၅)နာရီတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေ ကျေးရွာအုပ်စု၊ ခမွေချောင်း(ခမီး)ကျေးရွာရှိ အမက(လွန်)ကျောင်းတွင် လက်နက်ကြီးကျည်ကျရောက်သဖြင့် စာသင်ကြားနေ သော ကျောင်းသား/သူ(၁၇)ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါဒဏ်ရာရ ကျောင်းသား/သူ (၁၇)ဦးအနက် မခင်မေဦး (၁၁)နှစ်နှင့် မနီခိုင်(၉)နှစ်တို့(၂)ဦးမှာ ဒဏ်ရာရရှိမှုများပြားသဖြင့် ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ်လည်းကောင်း၊ ကျန်ဒဏ်ရာ ရရှိသူကျောင်းသား/သူ(၁၅)ဦးမှာ ဂန္ဓာရီ(ပရဟိတ)ကျောင်းတွင် တည်းခိုနေထိုင်၍ ပြင်ပလူနာအဖြစ် လည်းကောင်း ဆေးကုသမှု ခံယူလျက်ရှိပါသည်။ ၂။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ … Read more
-
မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်အားစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၊ ရွှေဂွန်းအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_feb 2020









