Category Archives: News
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀)ရက်နေ့ (၁၃း၂၀)နာရီမှ (၁၅း၀၀)နာရီအထိ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ လုံခြုံကျေးရွာ၊ ရတနာသီရိကျောင်းတိုက်တွင် ကျေးရွာနေပြည်သူလူထု(၆၀)ဦးအား ငလျင်ဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mgy_feb2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာအုပ်စု၊ အမှတ်(၄)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စု မှလူဦးရေ(၁)ဦး မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂,၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂,၁၀ဝ/-)ကျပ် နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စုစာတို့အား ဘေးသင့်ပြည်သူများထံသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၈-၂-၂၀၂၀)ရက်နေ့တွင် သွားရောက်၍ ထောက်ပံ့ပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #ygn_feb2020
-
ကွင်းဆင်းဆောင်ရွက် ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ်(၂၀၀)လုံးအနက် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ လုံခြုံကျေးရွာ၌ နေအိမ်(၂၅)လုံးအား (၁၈-၂-၂၀၂၀)ရက်နေ့(၁၅း၁၅)နာရီမှ (၁၆း၀၀)နာရီအထိ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mgy_feb2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို Norwegian People’s Aid (NPA) အဖွဲ့က ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပမှုသတင်း
ဖေဖော်ဝါရီ ၁၈ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Norwegian People’s Aid (NPA) အဖွဲ့အစည်း၏ Country Director ဖြစ်သူ Ms. Marte Graff Jenssen ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် မေခလာခန်းမ၌ လက်ခံတွေ့ဆုံ၍ ဆွေးနွေးရာတွင် ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာအား အတည်ပြုမိတ်ဆက်ခဲ့ပြီးနောက် ပြန်လည် နေရာချထားရေး လုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုကို အခြေခံသည့် မိုင်းရှင်းလင်းရေး ကိစ္စရပ်များကို … Read more
-
မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀)ရက်နေ့၊ မွန်းတည့် (၁၂:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ဆင်စုရပ်ကွက်၊ ဘုရားနီလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-)ကျပ် ၊ စုစုပေါင်းထောက်ပံ့ ငွေ(၃၁၈၉၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၂)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ် စတစ်ပုံး(၂)ပုံးတို့အား (၁၈-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #bgo_feb2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့၊ မဲ့ပလဲ့ကျေးရွာရှိ ပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_feb2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၈-၂-၂၀၂၀)ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ဖွီကျေးရွာအုပ်စု၊ လလှိုင်းကျေးရွာ၊ စာသင်ကျောင်း၌ ကျောင်းသား/သူနှင့် ကျေးရွာနေပြည်သူများ အင်အား(၆၅)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရသီရိခရိုင် ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀)အချိန်မှ (၁၅:၀၀)အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ ရွှေလီလမ်း၊ ခေါင်းလောင်းသံ မူကြိုကျောင်းတွင် ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦးကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_feb 2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာရှိ ပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအသိ ပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_feb2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင်ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၀) အား သင်တန်းသား/သူ (၆၉)ဦးဖြင့် ခင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၈-၂-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ရာ ခင်ဦးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ သင်တန်း ဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဉီးက သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၈-၂-၂၀၂၀) ရက်နေ့မှ (၂၀-၂-၂၀၂၀) ရက်နေ့ထိ (၃) ရက်တာဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source: … Read more









