Category Archives: News
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၂၀) ရက်နေ့၊ (၀၂:၄၀) နာရီချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်(၂)လမ်း၌ လျှပ်စစ်မီး ဝါယာရှော့ဖြစ်ရာမှ မီးကူးစက်မီးလောင်ကျွမ်းခဲ့ရာ နေအိမ် (၂) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၄)စု မှလူဦးရေ(၁၃)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၄)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇,၃၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၂၇,၃၀ဝ/-)ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအုပ်စု မြို့သစ်(၂) ရပ်ကွက်တွင် (၂၈-၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်ပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စာ ပုံး(၁)ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၄,၂၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၂၀၄,၂၀ဝ/-)ကျပ်အား (၂၈-၂-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)အချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျိုက်ထိုမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအားထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_feb2020 … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလတွင် ဖြစ်ပွားတတ်သော လေပြင်းဘေးများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့ပါးစေရန် ရည်ရွယ်၍ မိုးညိုမြို့နယ်အတွင်း ကြံ့ခိုင်မှုအားနည်းသောနေအိမ်များအား ပိုမိုတောင့်တင်း ခိုင်မာလာစေရန် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၈-၂-၂၀၂၀)ရက်နေ့တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လကုန်အစည်း အဝေး၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ရာ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr_sgw #bgo_feb2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများ
(၂၁-၂-၂၀၂၀) ရက်နေ့မှ (၂၇-၂-၂၀၂၀) ရက်နေ့အထိ မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၊ ရန်ကုန်(ကမ္ဘာအေး)စခန်းက နေ့စဉ်တိုင်းတာရရှိ သည့် လေအရည်အသွေး (PM2.5) အခြေအနေများကို ဖော်ပြထားပါသည်။
-
လေဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန်ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကနီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀)ရက်နေ့တွင် ကနီမြို့နယ်အတွင်းရှိ လေဘေးကြို တင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ(၅)ရွာအနက် တအုံအရှေ့ကျေးရွာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ သွားရောက်ကွင်းဆင်း၍ အချက်အလက်များကောက်ယူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr_sgw #sgg_feb2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀)ရက်နေ့တွင် သဘာဝဘေးများနှင့်ပတ်သက်၍ ပြည်သူလူထုများသိရှိလိုက်နာဆောင်ရွက်ရန်အတွက် တွံတေးမြို့နယ်၊ ဘုရားငုတ္ထိုကျေးရွာလမ်းဆုံနေရာတွင် ရေဘေးအန္တရာယ်အသိပညာပေး ဗီနိုင်းမြေစိုက်ဆိုင်းဘုတ်အားလည်ကောင်း၊ ဒလမြို့နယ်၊ အောင်ဇေယျဈေးရှေ့တွင် မီးဘေးအန္တရာယ် အသိပညာပေး ဗီနိုင်းမြေစိုက်ဆိုင်းဘုတ်တို့အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_feb 2020
-
စစ်ကိုင်းတိုင်းဒေသကြီးလူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်မှုသတင်း
ဖေဖော်ဝါရီ ၂၇ ၊ မုံရွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အတူ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များကို ပြည်သူလူထု ထိရောက်စွာအကျိုးခံစားရရှိစေရေး ဆက်စပ်ဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်နှင့်အဖွဲ့သည် မူလတန်းကြိုကျောင်းရှိ ကလေးငယ် များအား အာဟာရမုန့်နှင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲကျင်းပမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်(၂၅-၂-၂၀၂၀) ရက်နေ့မှ (၂၇-၂-၂၀၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ သင်တန်းဆင်းပွဲကို (၂၇-၂-၂၀၂၀) ရက်နေ့(၁၆:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းအမှာစကားပြောခြင်း၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်နှင့် မှတ်တမ်းဓာတ်ပုံ ရိုက်ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_feb2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးပွဲပြုလုပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်တန်းဆရာမများနှင့် သင်တန်းသူဦးရေ (၁၀၀)ခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_feb2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၇-၂-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီမှ(၁၃:၀၀)နာရီအထိ သထုံခရိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်ပူးပေါင်း၍ ပြည်သူလူထု ကိုယ်တိုင်ပါဝင်သော ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအား (၂၇-၂-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီမှ(၁၃:၀၀)နာရီအထိ သထုံမြို့နယ်၊ စျေးမသွယ်အထက်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ အင်အား(၃၀)ဦးခန့်နှင့် စျေးမသွယ်အထက်ကျေးရွာ ပြည်သူလူထုအင်အား(၂၇၀)ဦးခန့်စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တို့ပါဝင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #simex #mon_feb 2020









