Category Archives: News
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ ခေါင်းစောင်းကျေးရွာတွင် သောက်သုံးရေဂါလံ (၁၆၀၀) အား လည်းကောင်း၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ဒူကျေးရွာနှင့် ဒေါဆိုခူကျေးရွာတွင် သောက်သုံးရေဂါလံ (၃၂၀၀) စီအားလည်းကောင်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါလော်ခူကျေးရွာတွင် ဂါလံ (၁၆၀၀) အား လည်းကောင်း သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2020
-
IDP စခန်းမှ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မံပုံ (RC) IDPစခန်းမှ ကျောက်စခန်းကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့အိမ်ထောင်စု(၁၂)စုအတွက်လည်းကောင်း၊ နွယ်လန်းကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့အိမ်ထောင်စု(၉)စုအတွက်လည်းကောင်း၊ ဂွယ်ကထောင်ကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့ အိမ်ထောင်စု (၁၀၇)စုအတွက်လည်းကောင်း၊ ကြေးနန်းရပ်ကွက်၊ စိန်လုံ၊ ကုန်းလော၊ ဝဝမ်၊ တာဆိုင်း၊ ကျွန်းကုန်း၊ နာမ့်ဆိုင်း၊ မှော်ဝမ်းကလေး၊ ဒဂေါ်၊ ကျခန်းဒပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့ အိမ်ထောင်စု(၁၅)စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁၄၃)စုစာ၊ ပြောင်းရွှေ့ထောက်ပံ့ငွေ (၁၄,၃၀၀,၀၀၀/-) ကျပ်နှင့် (၈,၆၂၂,၀၂၅/-) ကျပ်တန်ဖိုးရှိ (ဆန်၊ ဆီ၊ … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀) ရက်နေ့မှ (၂၄-၃-၂၀၂၀) ရက်နေ့အထိ ရွှေတောင်မြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အကြိုညှိနှိုင်းဆောင်ရွက်ခြင်း၊ ကွင်းဆင်းစစ်တမ်းများကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် မြို့နယ် (၂) မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆)စု ၊ ကျေးရွာ (၁၉) ရွာရှိ နေအိမ် (၇၉၀) လုံး ကို ရပ်ရွာလူထုအခြေပြု ပရဟိတအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပြုပြင်ပေးခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #bgo_mar2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅- ၃-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဦးဝဲ(တဲတိုက်)၊ ဦးအုန်းသီး(တဲတိုက်)၊ ဦးဝိုင်းမောင်(တဲတိုက်)နှင့် ဘိုတဲ(တဲတိုက်)ရှိ အိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင်စု (၁၁၅) စု၊ လူဦးရေ (၅၇၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_mar2020
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၃-၂၀၂၀)ရက်နေ့တွင် နတ်ကုန်းကျေးရွာ၌ သောက်သုံးရေ လီတာ(၃၅၀၀)ကိုလည်းကောင်း၊ (၂၅-၃-၂၀၂၀)ရက်နေ့တွင် ငှက်ပျောတောကျေးရွာ၌ သောက်သုံးရေ လီတာ(၃၁၂၀)တို့ကိုလည်းကောင်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #krn_mar2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
IDP စခန်းများတွင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစီမံချက် ရေးဆွဲရေး ညှိနှိုင်းဆွေးနွေး
မတ်လ ၂၄ ရက်၊ နေပြည်တော် ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ (IDP စခန်းများ)တွင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက် နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ညှိနှိုင်းအစည်းအဝေးတွင် COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် ကူးစက်ပြန့်နှံ့ လွယ်ပြီး၊ မြန်မာနိုင်ငံတွင်လည်း စတင်ကူးစက်ခံရပြီဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါ ကာကွယ်၊ … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၃-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးလယ်ကျေးရွာနှင့် ကေးလျားကျေးရွာအုပ်စု၊ ဒေါဗျားကူးကျေးရွာတို့၌ သောက်သုံးရေ ဂါလံ(၁၄၀၀)စီ ကိုလည်းကောင်း၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ပရယ်တော်ကျေးရွာနှင့် မိုဆိုကျေးရွာအုပ်စု၊ မိုဆိုကျေးရွာတို့၌ သောက်သုံးရေဂါလံ(၃၂၀၀)စီတို့ကို လည်းကောင်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဘုံသာရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံးပေါ်သို့ အုန်းပင်ပြိုလဲကျပျက်စီးခဲ့ရာ အဆိုပါ အိမ်ထောင်စုမှ အသက် (၁၈) နှစ်အထက် ကျား (၁) ဦး၊ မ (၁) ဦး၊ အသက်(၁၈)နှစ်အောက် မ (၂)ဦး၊ စုစုပေါင်း လူဦးရေ (၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀) ကျပ်အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ … Read more
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၃-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဆီမွန်းအုပ်စု၊ လကပ်ကျေးရွာရှိ အိမ်ထောင်စု (၃၀) အား တစ်လီတာ ရေသန့်ဗူး(၆)ဗူးပါ ရေဗူးကဒ် (၃၀) အားလည်ကောင်း၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ဝမ်ဟွေရပ်ကွက် တွင် သောက်သုံးရေ ဂါလန် (၁,၂၀၀) အားလည်ကောင်း၊ မွန်းလွဲ (၂:၀၀)နာရီအချိန်တွင် ဟကြားဟုန် ကျေးရွာတွင် ရေဂါလန်(၁,၂၀၀)တို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ သွားရောက်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more









