Author Archives: Thandar Aung

  • လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ပိန္နဲတောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ပိန္နဲတောင်ကျေးရွာ၌ (၁၅-၂-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်ဦးရေ (၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၁၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း(၁၀၂၁၀၀ိ/-)တိတိအား (၁၆-၂-၂၀၂၃)ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_Feb2023 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၂၂) ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ အများပြည်သူသိရှိစေရန်အတွက် “ဘေးအန္တရာယ်များနှင့် Covid-19 ရောဂါကြိုတင်ကာကွယ်ရေး”ဆောင်ပုဒ်နှင့်အညီ အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_Dec2022 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၉-၁၂-၂၀၂၂) ရက်‌နေ့၊ နေ့လည် (၁:၀၀)နာရီအချိန်မှ (၃:၀၀)နာရီအချိန်ထိ ဌာန၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ လူဦးရေ(၁၀၀)ဦးခန့်အား ဆွေး‌နွေးဟောပြောခြင်း၊ တာဝန်ရှိဝန်ထမ်းများမှ ဘေးတစ်မျိုးချင်းစီအလိုက် အသိပညာပေး‌ဆွေး‌နွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများအား  မြို့နယ်အုပ်ချုပ်‌ရေးမှူးထံ ‌ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_Dec2022 Source: ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်) (ဘစမ)

  • ခရမ်းမြို့၊ အ-ထ-က (၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့၊ အ-ထ-က (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၉-၁၂-၂၀၂၂) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူဦးရေ(၂၀၀)ဦးအား ဆွေး‌နွေးဟောပြောခြင်း၊ တာဝန်ရှိဝန်ထမ်းများမှ ဘေးတစ်မျိုးချင်းစီအလိုက် အသိပညာပေး‌ဆွေး‌နွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်မျာဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများအား  ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_Dec2022 Source: ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်) (ဘစမ)

  • မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာ၌ သဘာဝဘေးနှင့် Covid-19 အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၂) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာ၌ “သဘာဝဘေးအန္တရာယ်များနှင့် Covid-19 ရောဂါကြိုတင်ကာကွယ်ရေး” ဆောင်ပုဒ်နှင့်အညီ အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_Dec2022 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်) မှ တာဝန်ရှိသူများသည် Quick-Win Project အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၄-၁၁-၂၀၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအသိပညာများ ဆွေးနွေး‌ဟောပြောခြင်း၊ သဘာ၀ဘေးအသိပညာပေး Video Click ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းများ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_nov2022 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေကြည်မြို့နယ်၊ မကြီးကျေးရွာအုပ်စု၊ မကြီးကျေးရွာလေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ မကြီးကျေးရွာအုပ်စု၊ မကြီးကျေးရွာ၌ (၂၄-၁၀-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ‌လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့်  နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀ဝိ/-)၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၂‌၁၀၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၉၁၀၀၀/-)ကျပ်တိတိအား (၃၁-၁၀-၂၀၂၂)ရက်နေ့၊ (၁၆:၁၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_nov2022 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာအုပ်စု၊ သပြုဆိပ်ကျေးရွာနှင့် ဆင်ထုံးကျေးရွာအုပ်စု၊ ငွေသောင်ယံကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ​ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာအုပ်စု၊ သပြုဆိပ်ကျေးရွာနှင့် ဆင်ထုံးကျေးရွာအုပ်စု၊ ငွေသောင်ယံကျေးရွာတို့၌ (၂၅-၁၀-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၆၀၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၆၀၀၀၀၀/-)ကျပ်၊ ရန်ပုံငွေ(၂၉၄၂၁၆)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၆) ပုံးနှင့် ကလေးကျောင်းဝတ်စုံ ကျား(၈)စုံ၊ ကလေးကျောင်းဝတ်စုံ မ(၄)စုံတို့အား (၂၆-၁၀-၂၀၂၂)ရက်နေ့တွင် လေးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #ayy_oct2022 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • ဒဂုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Quick-Win Project အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၆-၁၀-၂၀၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ‌ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား သဘာဝဘေးအသိပညာများ ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_oct2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events