ခရမ်းမြို့၊ အ-ထ-က (၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့၊ အ-ထ-က (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၉-၁၂-၂၀၂၂) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူဦးရေ(၂၀၀)ဦးအား ဆွေး‌နွေးဟောပြောခြင်း၊ တာဝန်ရှိဝန်ထမ်းများမှ ဘေးတစ်မျိုးချင်းစီအလိုက် အသိပညာပေး‌ဆွေး‌နွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်မျာဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများအား  ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

#ar

#ygn_Dec2022

Source: ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်) (ဘစမ)

Sign Up

Upcoming Events