Author Archives: Thandar Aung
-
မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာ၊ လူတော်ကျေးရွာ၊ ပကိတ်ကြီးကျေးရွာ၊ ကွမ်းခြံကြီးကျေးရွာ၊ စက်ကုန်းကျေးရွာနှင့် ဒိုးပတ်ကျေးရွာအတွင်း မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၃)ရက်နေ့၊ နံနက်(၀၆:၀၀)နာရီအချိန်မှ ညနေ(၁၆:၃၀)နာရီအချိန်ထိ မုန်တိုင်းအန္တရာယ်ထိခိုက်ခံစားနိုင်ခြေရှိသည့် ကျေးရွာများဖြစ်သော မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာ၊ လူတော်ကျေးရွာ၊ ပကိတ်ကြီးကျေးရွာ၊ ကွမ်းခြံကြီးကျေးရွာ၊ စက်ကုန်းကျေးရွာနှင့် ဒိုးပတ်ကျေးရွာတို့ရှိ ပြည်သူ(၆၀၀)ဦးအား ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုဥက္ကဌ၊ ဦးစန်းဌေး ဦးဆောင်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနပါဝင်သော ဌာနဆိုင်ရာများနှင့်အတူသွားရောက်၍ မုန်တိုင်းဘေးမကျရောက်မီ၊ ကျရောက်နေစဥ်နှင့် ကျရောက်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များအား ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #ayy_may2023 … Read more
-
ထား၀ယ်မြို့နယ်၊ စည်ပင်သာယာဈေးကြီးနှင့် ဈေးကြီးအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၃) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ထား၀ယ်မြို့နယ်၊ စည်ပင်သာယာဈေးကြီးနှင့် ဈေးကြီးအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေး စသည့် သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_str #tny_may2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်း ဘေးသင့်အိမ်ထောင်စုများနှင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် (၂၈-၂-၂၀၂၃)ရက်နေ့၌ လတ်တလော အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘေးသင့်အိမ်ထောင်စုများနှင့် သေဆုံးသူအတွက် ရန်ပုံငွေ (၃,၀၉၁,၁၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စုအလိုက် ထောက်ပံ့ခြင်းတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများက (၃၁-၃-၂၀၂၃)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။ #sgg_may2023 Source: ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဌာနခွဲ (အထက်မြန်မာပြည်-ဘစမ)
-
သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရော(ဂျီ)ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရော(ဂျီ)ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်ကျေးရွာ၌ (၁-၅-၂၀၂၃)ရက်နေ့(၀၂း၂၀)အချိန်တွင်ဖြစ်ပွားသော မီးဘေးကြောင့် လောင်ကျွမ်းပျက်စီးလူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄၇၀၀ိ/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၂၁၄၇၀ဝိ/-)ကျပ်နှင့် အိမ်ထောင်စု(၂)စုအတွက် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂)ပုံးနှင့် စက္ကူကတ္တူပုံး(၂)ပုံးတို့အား (၁-၅-၂၀၂၃)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_apr2023 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
အင်္ဂပူမြို့နယ်၊ ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ (၁၇-၃-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၈၄၀ဝိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀ဝိ/-)တိတိနှင့် Surgical Mask (၈)ခုတို့ကို (၃၁-၃-၂၀၂၃) ရက်နေ့၊ (၁၅:၀၀) အချိန်တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_mar2023 Source: အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး (ဘစမ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် (၁၄-၁-၂၀၂၃)ရက်နေ့၊ (၁၉-၁-၂၀၂၃)ရက်နေ့နှင့် (၂၁-၁-၂၀၂၃)ရက်နေ့တို့၌ လတ်တလောအကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘေးသင့်အိမ်ထောင်စုများနှင့် သေဆုံးသူများအတွက် ရန်ပုံငွေ(၇,၃၀၃,၂၀ဝိ/-)နှင့် အိမ်ထောင်စုအလိုက်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တို့အား (၂၂-၂-၂၀၂၃)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။ #sgg_feb2023 Source: ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဌာန (အထက်မြန်မာပြည်-ဘစမ)
-
သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာအုပ်စု၊ ကော့ထော်ပိုင်း၌ ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးသင့်ခဲ့သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာအုပ်စု၊ ကော့ထော်ပိုင်းတွင် (၂၁-၃-၂၀၂၃) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်၌ ဂတ်စ်မီးဖိုဖြင့် ရေနွေးအိုးတည်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၉၄၀၀/-)ကျပ်တိတိနှင့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပလပ်စတစ်ပုံး(၃)လုံးနှင့် အိမ်ထောင်စု(၁)စုအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးတို့အား (၂၂-၃-၂၀၂၃) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပငကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ ညောင်ဝိုင်းကျေးရွာနှင့် ရေသိုးကျေးရွာများ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ ညောင်ဝိုင်းကျေးရွာနှင့် ရေသိုးကျေးရွာများ၌ (၆-၃-၂၀၂၃)ရက်နေ့မှ (၈-၃-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီမှ ညနေ(၀၆:၀၀)နာရီအထိ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_mar2023 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း (ရန်ကုန်) ၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း (ရန်ကုန်) ရှိ ကျောင်းသား(၈၅)ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မင်းလှမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၃) ရက်နေ့၊ (၁၆:၂၀) နာရီအချိန်တွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာ(၅)ရွာတို့၌ အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲလူနေအိမ်(၆)လုံး၊ အမိုးလန်ပျက်စီးလူနေအိမ်(၁၈)လုံးနှင့် ဘ/က(၁)ကျောင်းများအတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၅၀၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၂၄)စုရှိ လူဦးရေ(၉၅)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၁၉၉၅၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၄၉၅၀ဝိ/-)ကျပ်နှင့် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၆)ပုံး၊ စက္ကူကတ်ထူပုံး(၆)ပုံးတို့အား(၁၈-၂-၂၀၂၃)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ဘေးဖြစ်ပွားရာ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရဲမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ပြန်ဆက်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ … Read more
