Author Archives: Thandar Aung

  • သံတောင်ကြီးမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတောင်ကြီးမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ၌ (၁၄-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦး ဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေပြင်းဘေးသင့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀ဝိ/-)၊ လူဦးရေ(၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝိ/)၊ စုစုပေါင်း(၆၀,၅၀ဝိ/-) အား (၂၃-၅-၂၀၂၃) ရက်နေ့တွင် ဘေးသင့်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_str #krn_may2023 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘေးစီမံ)

  • ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းတောင်ပိုင်း၊ ရုံးပေါင်းစုံ(၆)လမ်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းတောင်ပိုင်း၊ ရုံးပေါင်းစုံ(၆)လမ်း၌ (၁၃-၅-၂၀၂၃)ရက်နေ့၊ (၁၅:၅၀)အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၀၀,၀ဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေကျပ်(၁၆၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၁၆၈၀ဝိ/-)အား (၂၃-၅-၂၀၂၃)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_str #ygn_may2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘေးစီမံ)

  • ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉) ရပ်ကွက် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ညောင်ပင်လမ်း၌ (၁၄-၅-၂၀၂၃)ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်ပေါ်သို့ အုန်းပင်လဲကျခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၅၀,၀ဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေကျပ်(၄၂၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၅၄၂၀ဝိ/-)တို့အား (၂၃-၅-၂၀၂၃)ရက်နေ့၊ (၁၁:၀၀)အချိန်နာရီတွင် မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_str #ygn_may2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘေးစီမံ)

  • တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်၊ ဦးထွန်းအိုရပ်ကွက်၊ သခင်ဘသောင်းရပ်ကွက်၊ ချောင်းဝိုင်းလေးရပ်ကွက်၊ ဆမားဒူးဝါးရပ်ကွက်၊ ဆိတ်ကြီးအရှေ့ရပ်ကွက်၊ ဆိတ်ကြီးအနောက်ရပ်ကွက်နှင့် ပန်းပင်ချောင်းရပ်ကွက်တို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင်    လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၀) လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၃၈) ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေဘေးသင့်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၂၅၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၇၉၈၀ဝိ/)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၄၈၀ဝိ/) အား (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၃၀)အချိန်တွင်  … Read more

  • တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  တွံတေးခရိုင်၊ ဒလမြို့နယ်၊ ရခိုင်ချောင်းတောင်ရပ်ကွက်၊ ရခိုင်ချောင်းမြောက်ရပ်ကွက်၊ ခနောင်းရွာမကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်၊ အံ့ကြီးအရှေ့ရပ်ကွက်၊ အံ့ကြီးအနောက်ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင်    လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၅၇)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေဘေးသင့်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၄၀၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၁၁၉၇၀ဝိ/)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၉၇၀ဝိ/)   အား (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်တွင်  ပြည်သူများ၏      လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား Hand Speaker များဖြင့် လှည့်လည်နှိုးဆော်ခြင်းနှင့် ပြည်သူလူထုအား မုန်တိုင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #mdy_may2023 Source: နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လောင်းလုံးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် စမ်းလှမ်းကျေးရွာအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မီသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင်ပူးပေါင်း၍  (၈-၅-၂၀၂၃)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် စမ်းလှမ်းကျေးရွာအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #tny_may2023 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events