Author Archives: Thandar Aung
-
ကချင်ပြည်နယ၊် ဝိုင်းမော်မြို့နယ်အတွင်း၊ တိုက်ပွဲရှောင်စခန်းများရှိ် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများ အား ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားကက်သလစ်စခန်း လော်ဝေါနှစ်ခြင်းဇုံးနယ်စခန်း မိုင်းနားဖွံ့ဖြိုးရေး ခြံစခန်း မဒိန်စခန်း လော်ဝေါ်အေဂျီစခန်း မုတ်လွဲစခန်းနှင့် ခတ်ချိုစခန်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများအား ထောက်ပံမှု ဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန်ရှိသူများUN, INGOs အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက (၇-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ခဲ့ကြရာ ကချင်ပြည်နယ်ဦးစီးမှူးရုံး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ မိုင်းနားကက်သလစ်စခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၁၀၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၂၄) အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၃)ရက်စာ (၉၆၃၀၀ိ/-) … Read more
-
လေးမျက်နှာမြို့နယ်၊ ခတ္တူအခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလူပ်မှုသတင်း
(၇-၂-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ရုံးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ခတ္တူအခြေခံပညာအလယ်တန်းကျောင်း၌ “သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးပွဲ” ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၅၃) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
“အသစ်ပြန်လည်ရေးဆွဲမည့် MAPDRR-2016 နှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ်မြောက်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး” ကျင်းပပြုလုပ်မှုသတင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ (၆-၂-၂၀၁၇) ရက်နေ့တွင် “အသစ်ပြန်လည်ရေးဆွဲမည့် MAPDRR-2016 နှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ်မြောက်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး” ကို Grand Amara Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မအူပင်မြို့နယ်၊ ငါးဖယ်အိုကျေးရွာအုပ်စု၊ ငါးဖယ်အို အထက်စုကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ငါးဖယ်အိုကျေးရွာအုပ်စု၊ ငါးဖယ်အိုအထက်စုကျေးရွာ၌ (၄-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃)ရက်စာ (၃၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၅၃၆၀၀) ကျပ်တိတိအား (၇-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
လပွတ္တာမြို့ (၃)မိုင်မြို့သစ်အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၆-၂-၂၀၁၇ ) ရက်နေ့တွင် (၃)မိုင်မြို့သစ်အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦး၊ ဆရာ/ ဆရာမ (၁၀) ဦးစုစုပေါင်း (၂၁၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ပေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လပွတ္တာမြို့ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃-၂-၂၀၁၇ ) ရက်နေ့တွင် အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၀၈) ဦး၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၃၀၆) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ ရှမ်းပိုင်း ရပ်ကွက် (၅.၂.၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သည့် မီးဘေး (၁) အိမ်ထောင်အတွက် Family Kit (၁၉)မျိုးပါ (၁)စုံ၊ လူဦးရေစုစုပေါင်း (၄) ဦးအတွက်ဆန်ရိက္ခာ (၃) ရက်စာ (၃၆ဝဝိ/-) နှင့်အိမ်ဆောက် ပစ္စည်းဖိုး(၁ဝဝဝဝဝိ/)ကို (၆.၂.၂၀၁၇) ရက်၌ဘောလခဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် ဦးညီညီအောင် (ဒုဦးစီးမှူး) မှတဆင့် ထောက်ပံ့ပြီးဖြစ်ပါ ကြောင်းသတင်းရရှိပါသည်။ Source:ကယားပြည်နယ်ဦးစီးမှူးရုံး
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များ၌ DAN Mobile Application ရယူအသုံးပြုပုံနည်းလမ်းများနှင့် DAN Mobile Application Sticker များဖြန့်ဝေပေးမှုသတင်း
(၇-၂-၂၀၁၇) ရက်နေ့၊ (၁၁:ဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များ၌ DAN Mobile Application ရယူအသုံးပြုပုံနည်းလမ်းများနှင့် DAN Mobile Application Sticker များဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လေဘေးကြိုတင်ပြင်ဆင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
(၆-၂-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လေဘေးကြိုတင်ပြင်ဆင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မြောက်ဦးမြို့ပေါ်ရှိ ဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနှင့် Sticker များ ဖြန့်ဝေပေးမှုသတင်း
မြောက်ဦးခရိုင််ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၂-၂၀၁၇) မြောက်ဦးမြို့ပေါ်ရှိ ဖုန်းဆိုင်များ၌ DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် Sticker များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
