Author Archives: Thandar Aung

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၇ (၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်ချက်)

    မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သြရိဿကမ်းခြေနှင့် အင်ဒရာပရာ ဒေ့ရှ် မြောက်ပိုင်းကမ်းခြေသို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့၏ အနောက်တောင်ဘက် (၂၅)မိုင်ခန့်၊ ဂိုလ်ပါပူမြို့၏ အရှေ့-အရှေ့မြောက်ဘက် မိုင်(၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား ပြီး၊ ယနေ့ညတွင် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ပူရီမြို့နှင့် ဂိုလ်ပါပူမြို့တို့ အကြားမှ … Read more

  • ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးဒုက္ခခံစားကြရသည့် မြို့နယ်များသို့ ၇-ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပ့ံပေးမှုသတင်း

    ၁၈-၇-၂၀၁၇ (အင်္ဂါနေ့) တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးသည် မကွေးတိုင်းဒေသကြီးဦးစီးမှူးလိုက်ပါလျက် သက်ဆိုင်ရာဒေသများရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးဒုက္ခခံစားကြရသည့် မြို့နယ်များသို့ ၇-ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပ့ံပေးခဲ့ရာ ရေစကြိုမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၁၅၁၄) စုမှ လူဦးရေ (၅၇၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၀၂၆,၇၀၀) ကျပ်အားလည်းကောင်း၊ ပခုက္ကူမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၂၈၇၄) စုမှ လူဦးရေ (၁၁၄၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၄,၀၃၆,၆၀၀) ကျပ်အားလည်းကောင်း၊ ချောက်မြို့နယ်ရှိ … Read more

  • ဖလမ်းမြို့ တလန်လိုရပ်ကွက်၌ မြေပြိုမှုကြောင့် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် အိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း

    (၁၄-၇-၂၀၁၇) ရက်နေ့၊ (၀၆းဝ၀) နာရီအချိန်တွင် ဖလမ်းမြို့ တလန်လိုရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် အိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆) သိန်း၊ ဆန်ရိက္ခာဖိုး (၂၇၃၀၀) ကျပ် စုစုပေါင်း (၆၂၇၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၁၆-၇-၂၀၁၇) ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖလမ်းမြို့ တောင်ဇလပ်ခန်းမသို့ သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ခန္တီးမြို့နယ်အတွင်း ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ခန္တီးမြို့နယ်အတွင်း ၂၀၁၇ ခုနှစ် ဇူလိုင်လရေကြီးမှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေကြရသော ကျေးရွာ (၂၀) မှ အိမ်ထောင်စု (၂၃၄) စုအတွက် အိမ်ထောင်စု (၁) စုလျှင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၁၀၀၀၀) ကျပ်နှုန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆန် ၅ ပြည်နှုန်း၊ NLD ပါတီမှ ဆန် ၂ ပြည်၊ ခေါက်ဆွဲခြောက် ၂ ထုပ်စီနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၄၆၈၀၀၀) ကျပ်တန်ဖိုးရှိ ဆီ ၅၀ သားနှင့် ဆား ၅၀ သားစီ၊ … Read more

  • မင်းဘူးစကုမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးစကုမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်၍ ဘေးလွတ်ကင်းရာသို့ (၁၅-၇-၂၀၁၇) ရက်နေ့ထိ ရွှေ့ပြောင်းပြီးဖြစ်သော အိမ်ထောင်စု (၅၈၃) စု၊ လူဦးရေ (၂၁၅၉) ဦးတို့အတွက် ဆန် (၇) ရက်စာဖိုး (၄၅၃၃၉၀၀) ကျပ်တိတိကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ (၁၇-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events