Author Archives: Thandar Aung
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၁၇)နေ့တွင် တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအလကကျောင်း၌ သဘာဝဘေးအသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ရာအင်အား(၂၀၀)ခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သရက်ခရိုင်ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည်သရက်မြိ့ုနယ် တွင်ဧရာဝတီမြစ်ရေမြင့် တက်၍ ဘေးလွတ်ကင်းရာသိ့ု(၂၅.၈.၂၀၁၇) ရက်နေ့ထိရှေွ့ပြောင်းပြီးဖြစ်သော အိမ်ထောင်စု(၃၆၈)စု၊ လူဦးရေ (၉၉၃)ဦးတိ့ုအတွက် ဆန်(၇)ရက်စာဖိုး(၃၀၉၇၅၀၀ိ/) သရက်မြိ့ုနယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ပြန်ဆက်ဦးစီးဌာနတို့နှင့််အတူ (၂၆.၈.၂၀၁၇) ရက်နေ့တွင် သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၁၇)နေ့တွင် တောင်ကြီးမြို့နယ်၊ ဟမ်းဆီးကျေးရွာအထကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်း ပပြုလုပ် ခဲ့ရာအင်အား(၃၅၀)ခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးနှင့် UN Volunteers အဖွဲ့နှင့်ပူးပေါင်း၍ (၂၁.၈.၂၀၁၇ )မှ (၂၅.၈.၂၀၁၇)နေ့ထိ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့့်ခွဲမှု သင်တန်းအား ဘိုကလေးမြို့မဟာအောင်တော်မူဘုရားဝင်းရှိ ချိူကြည်တန်ဆောင်း၌ ကျင့်ပခဲ့ပြီး သင်တန်းတွင် ဘေးအမျိုးအစားလိုက် ကြိုတင်ပြင်ဆင်ပြီး တုံ့ပြန်ဆောင်ရွက်မှုပိုမိုအားကောင်း စေရးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့် စနစ်ကျသောစီမံခန့်ခွဲရေးလုပ်ငန်းများအား ပြည်သူလူထုပူး ပေါင်းပါဝင်ခြင်း ဖြင့်် ဘေးဖြစ်နိုခြေများးအားလျော့နည်းသက်သာစေသည့် နည်းများ ဆွေးနွေးပို့ချခဲ့ပြီးမုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း Table top exercise ကိုလက်တွေ့သရုပ်ပြဆောင် ရွက်ခဲ့ပြီး DAN and Kobo Appး … Read more
-
ကမ်းပြိုထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာရှိ ကမ်းပြိုဘေးသင့် အိမ်ခြေ (၇)လုံး၊ အိမ်ထောင်စု ၇ စု၊ လူဦးရေ (၃၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၇ အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး ၇၀၀၀၀၀ ကျပ် ဆန်ရိက္ခာဖိုး ၇၉၈၀၀ ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၇၉၈၀၀) ကျပ်တို့က (၂၄.၈.၂၀၁၇ )နေ့တွင်ကွင်းဆင်းထောက်ပံခဲ့ကြောင်းသတင်းရရှိပါ သည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးထောက်ပံ့မှုသတင်း
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၅-၈-၁၇) ရက်နေ့၌ သပိတ်ကျင်းမြို့နယ် အုန်ဇုန်းကျေးရွာအုပ်စု ကွင်း(၃၀)ကျေးရွာတွင် တောင်ကျချောင်းရေကြောင့် လူနေအိမ်(၃)လုံးမျောပါ ပျက်စီး လူနေအိမ်(၉)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီး လူ(၃)ဦး သေဆုံးနှင့် လူဦးရေ (၅၆)ဦး ဘေးဒုက္ခခံစားခဲ့ပါသဖြင့် မျောပါပျက်စီးနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၃)သိန်းနှင့် Hygiene Kits (၁)စုံ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၉)သိန်း သေဆုံးသူ(၃)ဦးအတွက် (၁)ဦး လျှင်(၃)သိန်းနှုန်းဖြင့် စုစုပေါင်း(၉)သိန်း ဘေးဒုက္ခခံစားခဲ့ရသော လူဦးရေ(၅၆)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၁၇၆၀၀ိ/-) စုစုပေါင်း (၂၂၁၇၆၀၀ိ/-) … Read more
-
ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ပြုလုပ်ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၈-၂၀၁၇) နေ့ တွင် တနင်္သာ ရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ချောင်းလမုကျေးရွာ၌ရေဘေး သဏ္ဍာန်တူဇာတ်တိုက်လေ့ ကျင့်မှုပြု လုပ်ရာ မြို့နယ်သဘာဝဘေးကော်မတီနှင့် မီးသတ် ကြက်ခြေနီ ကျန်းမာရေး ရဲတပ်ဖွဲ့ ပရဟိတအဖွဲ့ များ ရွာသူ/ သား အင်အား (၂၅၀)ဦးခန့် ပါဝင်၍ လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြောင်းသတင်းရရှိပါ သည်။Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၁၇)နေ့တွင် ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ၌ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်းသဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါကဆောင်ရန်ရှောင်ရန်များဦးစီးဌာန၏လုပ်ငန်းတာဝန်များရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး သရုပ်ပြလေ့ကျင့်ခြင်း လက်ကမ်းစာစောင်များဖြန့်ဝေခြင်းစသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာပြည်သ ူလူထုစုစုပေါင်း(၁၀၀)ဦးတက်ရောက်ခဲ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၁၇) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ အ.ထ.က (ခွဲ) ကျောင်းခန်းမ၌ လူဦးရေ (၂၀၀) ဦးအား သဘာဝ ဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစ တာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၁၇)နေ့တွင် တောင်ကြီးမြို့နယ် ဆောင်းဖိုးကျေးရွာ အထက(ခွဲ) ကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အင်အား (၂၀၀)ခန့်တက်ရောက်ခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
