ရေဘေးထောက်ပံ့မှုသတင်း

26Pic-02မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၅-၈-၁၇) ရက်နေ့၌ သပိတ်ကျင်းမြို့နယ် အုန်ဇုန်းကျေးရွာအုပ်စု ကွင်း(၃၀)ကျေးရွာတွင် တောင်ကျချောင်းရေကြောင့် လူနေအိမ်(၃)လုံးမျောပါ ပျက်စီး လူနေအိမ်(၉)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီး လူ(၃)ဦး သေဆုံးနှင့် လူဦးရေ (၅၆)ဦး ဘေးဒုက္ခခံစားခဲ့ပါသဖြင့် မျောပါပျက်စီးနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၃)သိန်းနှင့် Hygiene Kits (၁)စုံ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၉)သိန်း သေဆုံးသူ(၃)ဦးအတွက် (၁)ဦး လျှင်(၃)သိန်းနှုန်းဖြင့် စုစုပေါင်း(၉)သိန်း ဘေးဒုက္ခခံစားခဲ့ရသော လူဦးရေ(၅၆)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၁၇၆၀၀ိ/-) စုစုပေါင်း (၂၂၁၇၆၀၀ိ/-) ရေသန့်ဘူးနှင့် ရေသန့်ဆေးထုပ်များအား ချက်ချင်း သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events