Author Archives: Thandar Aung
-
မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနမ့်ဆန်မြို့နယ်တွင်မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးဝင်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သူ (၈၀) ဦးဖြစ်ပါသည်။ အဆိုပါသင်တန်းကို (၂၃ -၁၀-၂၀၁၇)ရက်နေ့မှ (၂၄-၁၀-၂၀၁၇)ထိ(၂)ရက်သင်တန်းဖြစ်ပြီး တက်ရောက်သူသင်တန်းသား/သူ (၅၀)ဦးတက်ရောက်ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ၁,ဘဝသစ်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းမှ သင်တန်းသားများအား သင်ခန်းစာများ ပို့ချပေးမှုအခြေအနေသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၁-၁၀-၂၀၁၇) ရက်နေ့မှ (၂၃-၁၀-၂၀၁၇) ရက်နေ့ထိ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ၁,ဘဝသစ်ကျေးရွာရှိ school cum shelter တွင် Freda နှင့်ပူးပေါင်းဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းနောက်ဆုံးနေ့၌ သင်တန်းသားများအား မုန်တိုင်းကျရောက်စဉ် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင်ပါ၀င်သည့် ကျေးရွာမြေပုံရေးဆွဲခြင်း၊ ရာသီပြပြက္ခဒိန်ရေးဆွဲခြင်းတို့အပြင်ဂိမ်းကစားခြင်းနည်းများဖြင့် သင်ကြားပို့ချခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application အသုံးပြုပုံများ ပြသပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၂-၁၀-၂၀၁၇)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရဖွဲ့၊ပြည်နယ်လူမှုရေးဝန်ကြီး ၊ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ မြောက်ဦးမြို့နယ်၊ရှာရှည်ပြင်ကျေးရွာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသော သွပ်မိုး၊ဝါးကာ လူနေအိမ်(၇)လုံး၊တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော သွပ်မိုး၊ဝါးကာ လူနေအိမ်(၁၄)လုံး၊ဓနိမိုး၊ဝါးကာ လူနေအိမ်(၁)လုံး၊အိမ်ထောင်စု(၂၂)စုမှ လူဦးရေ (၈၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊အိမ်ထောင်စု(၇)စုစာ၊ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး၊အိမ်ထောင်စု(၁၅)စုစာ၊ တာပေါ်လင်(၆ပေ×၃၀၀ပေ)(၂)လိပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၁၈၀၆၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၉၀၀၀၀၀ိ/-)တို့ကို ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မိတ္ထီလာမြို့နယ် အလည်ရွာ အထကကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
(၂၁-၁၀-၂၀၁၇) ရက်နေ့တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မိတ္ထီလာမြို့ နယ် အလည်ရွာ အထကကျောင်း၌ ကျောင်းသူ၊ ကျောင်းသား (၁၀၀) ကျော်ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
Union Enterprise for Humanitarian Assistance Resettlement and Development in Rakhine (UEHRD) စီမံကိန်းနှင့်ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးကိစ္စရပ်များ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
ရန်ကုန်၊ ၂၁-၁၀-၂၀၁၇ ရက်နေ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)နှင့်ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ေပးရေးကိစ္စရပ်များကို စနစ်တကျအကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် ကဏ္ဍစုံ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥက္ကဌအဖြစ်ဆောင်ရွက်သော UEHRD ကော်မတီကို … Read more
-
ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဘဝသစ်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းဖွင့်လှစ်မှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၁-၁၀-၂၀၁၇) ရက်နေ့တွင် Freda အဖွဲ့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဘဝသစ်ကျေးရွာရှိ School Cum Shelter ၌ ကျေးရွာ (၃) ရွာမှ လူငယ် (၂၄) ဦးအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်အား သင်ကြားပို့ချပေးလျက်ရှိပြီး အဆိုပါသင်တန်းမှာ (၂၁-၁၀-၂၀၁၇) မှ (၂၃-၁၀-၂၀၁၇) ထိ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၀-၁၀-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန််များ ရှင်းလင်းပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး(ကဆရ)
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)လုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်
အောက်တိုဘာလ (၂၀)ရက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ ပူးတွဲ ဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကော်မတီတွဲဖက်အတွင်းရေးမှူး၊ လူမှှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ကော်မတီဝင် ဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရှိ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖော်ထုတ် နိုင်ရေးအတွက် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်ရှိ (ခိုင်ပြည်စိုး) အထည်ချုပ်စက်ရုံ စတင် ဖွင့်လှစ်သည့်အခမ်းအနားသို့ (၂၀-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က … Read more
-
မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက် ၄ လမ်း၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
(၂၈-၉-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက် ၄ လမ်း၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် (၂၀-၁၀-၂၀၁၇) ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိူး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀) ကျပ်တိတိကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၂) လုံးနှင့်၊ ရွှေ့ပြောင်းခဲ့သည့် အိမ်ခြေ (၂) လုံး၊ လူဦးရေစုစုပေါင်း (၁၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃၉၉၀၀) ကျပ်၊ စုစုပေါင်းငွေ (၄၃၉၉၀၀) ကျပ်အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (၁၈-၁၀-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
