Author Archives: Department of Disaster Management

  • မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၇-၁၂-၂၀၁၈) ရက်နေ့ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်ဌာနများမှ သင်တန်းသား (၅၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း ကအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • မြဝတီခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၁၂-၂၀၁၈) ရက်နေ့၊ (၀၉၃၀)နာရီအချိန်၌ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြေပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • မြဝတီခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၁၂-၂၀၁၈) ရက်နေ့၊ (၁၂၃၀)နာရီအချိန်၌ မြဝတီမြို့၊ ကော့ကော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြေပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နှင့် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် တိုင်းရင်းသားများဖွံ့ဖြိုးရေး ဆောင်ရွက်

    ၁၅ ဒီဇင်ဘာ၊ ကလေးမြို့ စစ်ကိုင်းတိုင်းဒေသကြီးတွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကလေးဝမြို့သို့သွားရောက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် များကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေ့ကလေးထိန်း ကျောင်းများနှင့် မူလတန်းကြိုကျောင်းများ မဖွင့်လှစ်ပေးနိုင်သေးသော ဒေသများအတွက် ရှေးဦး အရွယ်အလေးသူငယ်ပြုစုစောင့်ရှောက်ရေးနည်းလမ်းများဖြင့် မိခင်ဝိုင်းများဖွင့်လှစ်ပေးနိုင်ရန် အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိခင်ဝိုင်းများတွင် … Read more

  • မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၁၂-၂၀၁၈)ရက်နေ့ (၀၉၃၀)နာရီမှ (၁၀၃၀)နာရီအချိန်ထိ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရေအောက်တောင်းကျေးရွာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ (၁၃၃၀)နာရီမှ (၁၄၃၀)နာရီအချိန်ထိ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကွန်းတောင်းကျေးရွာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား စုစုပေါင်း(၁၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ (၁၁၃၀)နာရီမှ (၁၂၃၀)နာရီအချိန်ထိ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သာစည်ကျေးရွာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား စုစုပေါင်း(၂၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ (၀၉၃၀)နာရီမှ (၁၀၃၀)နာရီအချိန်ထိ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအထကကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား စုစုပေါင်း(၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈)ရက်နေ့တွင် (၁၇၀၀)နာရီမှ (၁၈၃၀)နာရီအထိ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကွမ်းတောကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်

    ၁၄ ဒီဇင်ဘာ၊ ကလေးမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနိုင်သက်လွင်နှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့တော်ခန်းမ၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့အစိုးရက တရားဥပဒေစိုးမိုးရေနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုအစဉ်တစိုက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို အသက်အရွယ် အမျိုးအစားအလိုက် ဆောင်ရွက် ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်မှစတင်၍ ရှေးဦးအရွယ်ကလေးသူငယ်များ၊ အမျိုးသမီး ငယ်များ၊ လူငယ်များသက်ကြီးရွယ်အိုများသာမက၊ မသန်စွမ်းများစသည်တို့ကို … Read more

Sign Up

Upcoming Events