Author Archives: Department of Disaster Management

  • သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့် ရေသယ်ယာဉ် (၁) စီးနှင့်  လီပိုးကျေးရွာသို့ ရေဂါလံ(၃၀၀၀)ဆန့် ရေသယ်ယာဉ်(၁)စီးတို့အားသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2019  

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၉)ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ သရက္ကံကြီးကျေးရွာအုပ်စု၊ မင်းရွာတောကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ပြီး မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)၊ ဘေးသင့်ပြည်သူ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁) ပုံးတို့ကို မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ (၁၅-၃-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အဆိုပါကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသားများကို သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_fir #sgg_mar … Read more

  • သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုမိန်းစခန်းခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ၊ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီး နောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ကျေးရွာအတွင်းကျရောက်နိုင်သော ဘေးအန္တရာယ်များထိခိုက်ခံရ လွယ်မှုများနှင့် အရင်းအမြစ်များကို ၎င်းတို့ကိုယ်တိုင်သိရှိနိုင်စေရန် ကျေးရွာမြေပုံရေးဆွဲခြင်း၊ ပူးပေါင်းဆောင် ရွက်မှု အားကောင်းစေရန်အဖွဲ့အစည်းများဖွဲ့စည်းခြင်း ဘေးအန္တရာယ်ဖြစ်ပွါးလာပါက တုံ့ပြန်ဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို တက်ရောက်သူကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသား စုစုပေါင်း (၁၆၀) … Read more

  • လေပြင်းဘေး ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၁၉) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ မြှုံးဝကျေးရွာအုပ်စု၊ မြှုံးဝ(မ)ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး အမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၁၀,၅၀၀ိ/-)နှင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀,၅၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျးရွာ၌ (၁၂-၃-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉,၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၉,၉၀၀/-) ကျပ်အား (၁၄-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတချကျေးရွာ၌ (၁၃-၃-၂၀၁၉)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ရပ်ရွာပြည်သူ(၉၀)ဦးတို့အားလည်းကောင်း၊ (၁၅း၃၀)နာရီအချိန်တွင် လိုဘာခို့ကျေးရွာတွင် ရပ်ရွာပြည်သူ(၁၅၀)ဦးတို့တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_mar2019

  • သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း၏ ချီဖွေ-ပန်ဝါ ခရီးစဉ်သို့ လိုက်ပါလျက် (၁၂-၃-၂၀၁၉) ရက်နေ့တွင် ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း၌ ကျင်းပသော လူထုတွေ့ဆုံပွဲအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏မူဝါဒ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေးနှင့် ပတ်သက်သည့် ထောက်ပံ့ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင်များ ဖြစ်သည့် ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး စသည့်သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များအား ပေးအပ်ခဲ့ပါကြောင်းသိရှိရပါသည်။ #ar #kcn_mar … Read more

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာ၊ ပင်မဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၈) အိမ်ထောင်စုစာနှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၁၃၅,၀၀၀/-) ကျပ်အား (၁၃-၃-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_mar2019 Source:         ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)    

  • သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါဖုကျေးရွာသို့ ရေဂါလံ (၁၂၀၀) ဆန့် ရေသယ်ယာဉ် (၁) စီးအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2019  

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာအုပ်စု၊မျောက်ချောပင်ကျေးရွာတွင် (၁၁-၃-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၀၀,၀၀ဝိ/-)၊ ဘေးသင့်ပြည်သူ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀ဝိ/-)နှင့် အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၄) ပုံးတို့ကို (၁၃-၃-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_mar 2019 … Read more

Sign Up

Upcoming Events