Author Archives: Department of Disaster Management
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂-၅-၂၀၂၂ ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ထိပ်ဝကြီးကျေးရွာအုပ်စု၊ ထိပ်ဝကြီးကျေးရွာနှင့် မြမ္မာပြာသာကျေးရွာအုပ်စု၊ မြမ္မာပြာသာကျေးရွာတို့၌ ဖြစ်ပွားခဲ့သောလေဘေး ကြောင့် ပြိုကျနေအိမ် (၅၀)လုံး၊ အမိုးလန်နေအိမ် (၈၇)လုံး၊ စုစုပေါင်းနေအိမ် (၁၃၇)လုံးတို့မှ အိမ်ထောင်စု (၁၃၇)စု၊ လူဦးရေ (၅၈၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပလပ်စတစ်ပုံး(၅၀)၊ ဆန်ရိက္ခာ ၇ ရက်စာဖိုးငွေ(၁,၂၂၆,၄၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၇,၆၁၀,၀၀ဝိ/-) စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၈,၈၃၆,၄၀ဝိ/-)အား (၆-၅-၂၀၂၂)ရက်နေ့ (၁၀:၃၀)အချိန်တွင် ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ သက်ဆိုင်ရာတာဝန်ရှိသူ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တယ်ဘိုပင်ကျေးရွာ၌ (၁၁-၄-၂၀၂၂)ရက်နေ့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၁၇,၆၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၇,၅၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၈၉၂,၆၀ဝ/-)ကျပ်အား (၂၆-၄-၂၀၂၂)ရက်နေ့ (၁၃း၃၀)နာရီအချိန် တွင် ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက် ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2022 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ခွန်တောင်းငယ်ကျေးရွာ၊ ရှားတောကျေးရွာနှင့် ညောင်ကိုင်းကျေးရွာတို့တွင် (၁၁-၄-၂၀၂၂) ရက်နေ့ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၅၂)လုံး၊ အိမ်ထောင်စု(၅၂)စု၊ လူဦးရေ(၂၃၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၉၅,၆၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၁၅,၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၁၀,၆၀ဝ)ကျပ်အား (၂၈-၄-၂၀၂၂) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦစီးမှူးရုံး (ဘစမ) #ha_sgw … Read more
-
မီးဘေးနှင့် လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ဓမ္မင်းကျွန်း(ရ)ကျေးရွာတွင် (၅-၄-၂၀၂၂) ရက်နေ့မီးဘေးဖြစ်ပွားမှုကြောင့် လုံးဝလောင်ကျွမ်းသော သစ်အိမ်(၁)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုးငွေ(၂၀၀,၀၀ဝ)ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၁၀ဝ)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၂,၁၀ဝ) ကျပ်ကိုလည်းကောင်း၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု(ကျုံပို၊ဒေါင့်ကြီး)ကျေးရွာတို့တွင် (၇-၄-၂၀၂၂) ရက်နေ့ လေဘေးဖြစ်ပွားမှုကြောင့် ပြိုကျအိမ်ခြေ (၃)လုံး၊ တစ်စိတ်တစ်ပိုင်း (၁) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသော ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၀,၀၀ဝ)ကျပ်၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁,၅၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၁,၅၀ဝ)ကျပ် … Read more
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၂) ရက်နေ့၌ ပန်းတနော်မြို့နယ်၊ ဓနော်ကျေးရွာအုပ်စုနှင့် ဘုရားချောင်းကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သည့် ပြိုကျနေအိမ် (၁)လုံး၊ အမိုးလန်နေအိမ်(၈)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ(၁) ပုံးနှင့် Surgical Mask (၇၆)ခု၊ ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀)ကျပ်၊ အမိုးလန်နေအိမ်(၈)လုံးအတွက်(၄၀၀,၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၇၉,၈၀၀) ကျပ်၊ စုစုပေါင်းတန်းဖိုးငွေ (၅၇,၉၈၀၀) … Read more
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၂) ရက်နေ့ (၁၉:၁၀) ချိန်တွင် လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂)၊ ဒေါနလမ်း၊ အိမ်အမှတ်(၂၁၆)နေအိမ်၌ လျှပ်စစ်ဟင်းအိုးအပူလွန်ကဲပြီး ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သွပ်မိုး/ထရံကာ၊ မြေစိုက်(၁)ထပ် နေအိမ်(၁)လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦး မီးဘေးသင့်ခဲ့ရာ ဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေ(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ အိမ်ထောင်စု(၁)စုစာအား (၁၉-၄-၂၀၂၂) ရက်နေ့၌ ဘေးသင့်ပြည်သူအတွက် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #Shn_apr2022
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း (၃-၄-၂၀၂၂) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဝါးခယ်မမြို့နယ်၊ ပိတ္တာလေးကျေးရွာအုပ်စု(ရွာမကျေးရွာ)၊ စော်ကဲကျေးရွာအုပ်စု(ရွာမကျေးရွာ)၊ ရေလယ်ကျွန်းကျေးရွာအုပ်စု(ရေလယ်ကျွန်းကျေးရွာ)နှင့် စံအိပ်ကျေးရွာအုပ်စု(တလိုင်းစုကျေးရွာ၊ အထက်စုကျေးရွာ၊ အောက်စုကျေးရွာ၊ ကြူတောကျေးရွာ)တို့တွင် ပြိုကျပျက်စီးခဲ့သောနေအိမ်(၁၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁၂)စုစာ၊ လူဉီးရေ (၉၃) ဦးတို့အတွက် Surgical Mask (၁၈၆)ခု၊ ဆန်ရိက္ခာရန်ပုံငွေ (၁၉၅,၃၀၀)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၁၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁,၇၄၀,၀၀၀)ကျပ်၊ … Read more
-
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်ကွက်(၁၁)နှင့် ညနေပိုင်းတွင် ရပ်ကွက်(၁၂)တို့၌ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပြည်သူလူထုအား ကိုဗစ်-၁၉နှင့် ဗီဇပြောင်း(အိုမီခရွန်) ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး လက်ကမ်းစာစောင်များ၊ မက်(စ်)များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_mar2022
-
ကိုဗစ်(၁၉)ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၈-၃-၂၀၂၂)ရက်နေ့တွင် နာမခေါ်ကျေးရွာနှင့် ကျောက်တောင်ကွက်သစ်တို့၌ ပြည်သူများအား ကိုဗစ်(၁၉) ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် မက်(စ်)များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကိုဗစ်- ၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအသိပညာပေးဆောင်ရွက်မှုသတင်း
(၂၆-၃-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လားရှိုးမြို့ပေါ် ရပ်ကွက်(၃)နှင့် ရပ်ကွက် (၆)တို့၌ ကိုဗစ်- ၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များကို ပြည်သူလူထုသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ပြီး လက်ကမ်း စာစောင်များနှင့်Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)
