Author Archives: Department of Disaster Management
-
ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၁၂.၉.၂၀၁၉)ရက်နေ့တွင်ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ဆင်ကျွန်းကျေးရွာ ၌မြစ်ကမ်းပါးပြိုကျမှုကြောင့်ကမ်းပြိုကြိုတင်ရွှေ့ပြောင်းနေအိမ်(၅)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ဝိ/-) အား(၁၆.၉.၂၀၁၉)ရက်နေ့နံနက်(၁၁း၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_sep2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆-၉-၂၀၁၉)ရက်နေ့ နေ့လည် (၁၂)နာရီချိန်မှ ၁၃း၃၀အချိန်ထိ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာသူ/သား(၆၅)ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2019 Source: တမူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေး ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာတွင် (၁၂-၉-၂၀၁၉)ရက်နေ့ (၁၂း၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေသင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀ဝိ/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀ဝိ/-)ကျပ်၊ စုစုပေါင်း(၂၀၈၄၀ဝိ/-)တို့အား (၁၆-၉-၂၀၁၉)ရက်နေ့ (၁၂း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ – #ha_rbe #mgy_sep2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆.၉.၂၀၁၉) ရက်နေ့ မကွေးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းကို အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုအဖွ့ဲမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး သဘာဝဘေးဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် အရပ်ဖက်အဖွ့ဲအစည်း(၁၇)ဖွ့ဲမှ သင်တန်းသားသင်တန်းသူ(၂၅)ဦး တက်ရောက်ပြီး သင်တန်းကာလ(၁၆.၉. ၂၀၁၉)ရက်မှ(၂၀.၉.၂၀၁၉)ရက်အထိ(၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆.၉.၂၀၁၉)ရက်နေ့ လောင်းလုံးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများနှင့် ဌာနဆိုင်ရာများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ အင်အား(၂၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ဆရာ/မ၊ ကျောင်းသား/သူများအား သဘာဝဘေးအသိပညာပေး ဟောပြောဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၁၉)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဥပဒေ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီဦးတိုကျေးရွာအုပ်စု၊ မဲဇလီဦးတိုကျေးရွာ အထက (ခွဲ)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် ရှင်းလင်းဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာ၌ ဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်ထည်ဖော်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်ရန်ကိစ္စများ၊ ဝန်ကြီးဌာနနှင့် နားလည်မှုသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးအတွင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကို ပြည်သူများအကျိုးရှိစွာ ခံစားရရှိစေရေး လိုအပ်သော ညှိနှိုင်းကြီးကြပ်မှုများ၊ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် ‘‘ UN-SPIDER ”ရုံး၏ (၁၀)နှစ်ပြည့်အခမ်းအနားနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အတွက် အာကာသအခြေပြုနည်းပညာများမှ သတင်းအချက်အလက်များ အသုံးချခြင်း မူဝါဒပိုင်းဆိုင်ရာ ကုလသမဂ္ဂညီလာခံသို့ တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် စက်တင်ဘာလ (၁၁)ရက်နေ့ မှ(၁၂)ရက်နေ့အထိ ကျင်းပခဲ့သော ပေကျင်းမြို့အခြေစိုက် UN_SPIDER ရုံး၏(၁၀)နှစ်ပြည့် အခမ်းအနားနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် အာကာသအခြေပြုနည်းပညာများမှ သတင်းအချက်အလက်များ အသုံးချခြင်း မူဝါဒပိုင်းဆိုင်ရာ ကုလသမဂ္ဂညီလာခံသို့ တက်ရောက်ခဲ့ ပါသည်။ UN_SPIDER ရုံး၏ (၁၀)နှစ်ပြည့် အခမ်းအနားနှင့် ညီလာခံဖွင့်ပွဲကို တရုတ်နိုင်ငံ၊ အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr.Zheng Guoguang မှ ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးဦးစိုးအောင်ကလည်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီးနောက် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ (၁၄) ရက်နေ့တွင် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ IDP စခန်း (၆) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၉၉)စု၊ လူဦးရေ (၁၉၇၄)ဦး အတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ (၁၄) ရက်စာ၊ တန်ဘိုး (၁၀,၆၁၂,၉၈ဝိ/-)အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_sep2019 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အထ္တရံမြစ်ရေလျှံတက်သဖြင့် ရေဘေးသင့်ခဲ့သော ကျိုက်မရောမြိုနယ်၊ ကျုံစိန်ကျေးရွာအုပ်စု ကောလင်းကျေးရွာမှ အိမ်ထောင်စု(၃၅)စုအတွက် ဦးစီးဌာနရုံးချုပ်မှ ပေးပို့လာသော အလှူပစ္စည်းများမှ (၁)အိမ်ထောင်လျှင် ဆန်(၅)ပြည်၊ ခေါက်ဆွဲခြောက်(၁၉)ထုပ်တို့ကို (၁၄-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_sep2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
