Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၅-၁၂-၂၀၁၉) ရက်နေ့တွင် ချင်းတွင်းမြစ်‎ရေ တိုက်စားမှုကြောင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ(၄)လုံး အိမ်ထောင်စု (၄) စုမှ လူဦး‎ရေ (၁၄) ဦးတို့အတွက် အိမ်‎ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉၄၀ဝိ/-) ကျပ် စုစုပေါင်း ကျပ် ( ၄၂၉၄၀ဝိ/-)တို့အား (၆-၁၂-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အ‎ထွေထွေအုပ်ချုပ်း‎ရေးဌာနအစည်းအဝေးခန်းမ၌ မိုးကွဲကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_dec2019 Source:                        … Read more

  • သဘာဝပေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့တွင်ဖာပွန်မြို့နယ်၊ အ.လ.က(၄)ဖာပွန်ကျောင်း ၌ ကျောင်းသား/သူ (၂၅၀)ဦးတို့ကို မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက် များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_dec2019 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန  ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ (၆.၁၂.၂၀၁၉)ရက်နေ့ နံနက်(၁၀)နာရီမှ (၁၁:၃၀)အထိ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်တွင် ရပ်ကွက်နေပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ လူဦးရေ(၆၀)ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_dec2019 Source:                        မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ သရက်ပင်ကျေးရွာ၌ ပြည်သူလူထု (၁ဝ၀) ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့် ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ) #ar #ygn_dec2019  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်မှ (၁၀:၃၀) နာရီအချိန်အထိ ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာ၊ (အ.ထ.က) ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၁၀၈၀) ဦး တို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများ ကို လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #mgy_dec2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်(၅-၁၂-၂၀၁၉)ရက်နေ့တွင် ရေဦးမြို့နယ်၊ ပင်စီကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံးမှ အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်တို့အား (၆-၁၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ‌ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg_dec 2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ ကော့ရင်းအထက်ကျေးရွာ၌ အ.လ.က (ကော့ရင်း)အထက် ကျောင်းသူ/သားများနှင့် ကျေးရွာသူ/သား(၄၅၀)တို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_dec2019 Source:                        ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၁၁-၂၀၁၉) ရက်နေ့၌ ရသေ့တောင်မြို့နယ်၊  အငူမော်ကုန်တန်းကျေးရွာနေ  (ဘ)ဦးဝင်းမောင်ချေ၏သား မောင်ကျော်သက်ဦး အသက် (၁၄)နှစ်သည် နွားကျောင်းနေစဉ်မိုင်းပေါက်ကွဲ၍ သေဆုံးမှုအတွက်ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်အား သေဆုံးသူမိဘထံသို့ (၄-၁၂-၂၀၁၉)ရက်နေ့တွင်  လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ‌ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်(၃)ခု ခွဆုံကျေးရွာ၊ အုန်းချောင်းကျေးရွာနှင့် အရှေ့မြောက်ရပ်ကွက်သို့ (၂၉-၁၁-၂၀၁၉)ရက်နေ့တွင် ထပ်တိုးရောက်ရှိလာသောတိုက်ပွဲရှောင် အိမ်ထောင်စု(၂၁၈)စု၊ လူဦးရေ (၈၈၆)ဦးအတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၁၂၉)အိတ်၊ (၁၅)ပြည်အား (၄-၁၂-၂၀၁၉)ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ‌ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019

  • မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၂-၂၀၁၉) ရက်နေ့တွင် ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ဝရငယ်ကျေးရွာ၌  ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၉) ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ် တို့အား (၅-၁၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

Sign Up

Upcoming Events