Author Archives: Department of Disaster Management

  • ထောက်ပံ့သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၂-၂-၂၀၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာအုပ်စု၊ သဗြုချောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် တစိတ်တပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁ဝဝဝ/-)၊ စုစုပေါင်းရန်ပုံငွေ(၄၁၀၀၀/-)ကျပ်ကို (၁၄-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_feb 2020 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့ (၁၁:၄၂)နာရီအချိန်တွင် ဖွီကျေးရွာအုပ်စု၊ လလှိုင်းကျေးရွာ၊ စာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူနှင့်ကျေးရွာနေပြည်သူများစုစုပေါင်း(၃၅)ဦးကို လည်းကောင်း၊ (၁၄-၂-၂၀၂၀)ရက်နေ့(၁၀:၀၄) နာရီအချိန်တွင် ဖွီကျေးရွာအုပ်စု၊ ဖွီကျေးရွာတွင် ကျောင်းသား/ကျောင်းသူနှင့်ပြည်သူလူထုစုစုပေါင်း(၁၅၀)ဦးကိုလည်းကောင်း၊ (၁၄-၂-၂၀၂၀)ရက်နေ့(၁၄:၃၀)နာရီအချိန်တွင် ဖွီကျေးရွာအုပ်စု၊ ရိပ်ကွင်းကျေးရွာတွင်ပြည်သူလူထု(၂၅)ဦးတို့ကို သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_feb 2020  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀)ရက်နေ့ နံနက်(၁၁း၀၀)အချိန်မှ(၁၂း၀၀)အချိန်ထိ အထက(၁)ကျောက်ဖြူမြို့၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ(၅၀၀)ဦးခန့်အားလည်းကောင်း၊ နေ့လည်(၁၃း၃၀)အချိန်မှ (၁၄း၃၀)အချိန်ထိ အထက(၂)ကျောက်ဖြူမြို့၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ (၃၅၀)ဦးခန့်အားလည်းကောင်း၊ ညနေ(၁၅း၀၀)အချိန်မှ(၁၆း၀၀)အချိန်ထိ အမက(မူလွန်) ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ (၈၀)ဦးခန့်တို့ကို သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ (၉၃၀)ခန့်အား လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_feb 2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့တွင် ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအုပ်စု၊ ကျောက်ညှပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးနေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၃၁၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၇၂၃၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး၊ (၄)အိမ်ထောင်စာတို့အား (၁၄-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_feb 2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကျင်းပမှုသတင်း

      ဖေဖော်ဝါရီ ၁၄ နေပြည်တော် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးစိုးအောင်က တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက ယနေ့ဆွေးနွေးပွဲသည် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်နို်ငစေရန်အတွက်  ယခုကဲ့သို့ လာရောက်ဆွေးနွေး ဟောပြောပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိပြီး တိကျစွာလိုက်နာဆောင်ရွက်ဖို့လိုကြောင်း၊ ရုံးတက်ရုံးဆင်းချိန်များတွင် အမြန်ရောက်လိုဇောဖြင့် လမ်းပြောင်းပြန်မောင်းခြင်း၊ ကျော်တက်ခြင်းများအား … Read more

  • မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်အားစိုက်ထူမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၊ ရွှေဂွန်းအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_feb 2020  

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၄-၂-၂၀၂၀) ရက်နေ့တွင် ချင်တွင်းမြစ်‎ရေတိုက်းစားမှုကြောင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်း ကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၆) လုံး ၊ အိမ်ထောင်စု  (၆) စု ၊ လူဦး‎ရေ (၂၈) ဦးတို့အတွက် အိမ်‎ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ် နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈,၈၀၀/-) ကျပ် ၊စုစုပေါင်း   ( ၆၅၈၈၀၀/-) ကျပ်တို့အား (၁၄-၂-၂၀၂၀) ရက်နေ့၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀)နာရီအချိန်မှ(၁၄:၃၀)နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ကွမ်းအစ်ကုန်းကျေးရွာအုပ်စု၊ ကွမ်းအစ်ကုန်းကျေးရွာ (အောင်ဓမ္မစကြာ ဗိမ္မာန်တော်)၌ ကျောင်းသား/ကျောင်းသူ(၂၀)ဦးနှင့် ကျေးရွာပြည်သူ (၅၀)ဦး စုစုပေါင်း (၇၀)ဦးအား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေသည့် ဆိုးကျိုးများနှင့်ရာသီဥတုပြောင်း လဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb 2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် သံတောင်ကြီးမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဗဟိုလမ်းမကြီးဘေးတွင် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #krn_feb2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

Sign Up

Upcoming Events