Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ်၊ တောင်သုံးလုံးကျေးရွာနှင့် ကျောက်မဲတောင် ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2021

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအုပ်စု၊ ပဉ္စသီမော်ကျေးရွာရှိ မီးဘေးသင့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၇)ဦး အတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၄,၇၀၀/-) ကျပ်နှင့် အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)စုံ တို့အား (၁၉-၁-၂၀၂၁)ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jan2021 … Read more

  • ဒဏ်ကြေလိမ်းဆေးဘူးများထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၁) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်များရှိ ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန်အတွက် ဂရိတ်ဝေါဒဏ်ကြေလိမ်းဆေးဘူး (၃၆၀) ဘူး၊ ရှမ်းရိုးမဒဏ်ကြေလိမ်းဆေးဘူး (၂၆၇) ဘူး၊ စုစု ပေါင်း (၆၂၇) ဘူးတို့အား ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #mgy_jan2021 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • cycloneShelter ဆောင်ရွက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့ နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ (၁၈-၁-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံး မြို့နယ်၊ သဘော့ဆိပ်ကျေးရွာရှိ Cyclone Shelter အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #infra_dev #tny_Jan2021 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၈-၁-၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၅း၀၀)နာရီအချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ နဝဒေးရပ်ကွက်၊ ဇဝနဒီပရပ်ကွက်၊ ရတနာဒီပရပ်ကွက်အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေး‌ခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည် ဘူး ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_jan2021 … Read more

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဦးဝင်းကြည် (တဲတိုက်) ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု (၁၂၁) စု၊ လူဦးရေ (၅၃၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) တို့ကို (၁၈-၁-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_jan2021     Source: … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၁) ရက်နေ့ (၁၁:၀၀) မှ (၁၄:၀၀) အချိန်ထိ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပြန့်ပွါးမှုများ မဖြစ်ပွါးစေရန်အတွက် ပြည်သူများအား လိုက်လံအသိပေးကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2021

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့၊ ချောင်းတက်ကျေးရွာ၊ မကျည်းကန်ကျေးရွာ၊ စလေတို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_jan2021

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ်လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး၊ ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း‌ရေးမှူးတို့နှင့်အတူ (၁၆-၁-၂၀၂၁) ရက်နေ့ (၁၂:၀၀) အချိန်မှ (၁၃:၀၀) အချိန်ထိ ပူးပေါင်းပြုလုပ်သည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ သီကီးရ်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် တိုက်ပွဲရှောင်အိမ်ထောင်စု (၃၁) စုတို့အတွက် ဆီ (၆)လစာ (၃၇၂)ပိဿာ၊ ဆား(၆)လစာ (၁၈၆) ပိဿာ၊ ပဲ(၆)လစာ (၃၇၂)ပိဿာ၊ တိုက်ပွဲရှောင်လူဦးရေ(၁၆၀)ဦးတို့အတွက် ဆန်ရိက္ခာ(၆)လစာ အိတ်ပေါင်း(၃၀၀) တို့ကို တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁-၂၀၂၁) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန်(ရွာမ)ကျေးရွာ၌ TNLA နှင့် RCSS/SSA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့ဖြစ်ပွားမှုကြောင့် လက်နက်ကြီးကျမှန်၍ တစ်စိတ်တစ်ပိုင်းနှင့် ပြိုကျပျက်စီးခဲ့သောလူနေအိမ်(၆၀)လုံးအတွက် ထောက်ပံ့ငွေ (၅,၇၂၀,၀၀ဝ) ကျပ်နှင့် ပြိုကျပျက်စီးခဲ့သော လူနေအိမ်(၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုးပါ (၅) ပုံး၊ လူဦးရေ(၂၉၇)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၂၃,၇၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၃၄၃,၇၀ဝ) ကျပ်အား ဆရာတော်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၇-၁-၂၀၂၁) ရက်နေ့ … Read more

Sign Up

Upcoming Events