Author Archives: Department of Disaster Management
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျှက်ရှိသော ဒေါဖုကျေးရွာအုပ်စု၊ ဒေါဆိုခူကျေးရွာသို့ သောက်သုံးရေ (၂,၂၅၀) ဂါလံ သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_jan2021
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၃:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာနှင့် ပျဉ်းမစခန်းကျေးရွာတို့တွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေး အသိပညာပေးခြင်းလုပ်ငန်းအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2021
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့နယ်(ကံတောက်ကျောင်း၊ တုံရွာ၊ ထိန်းစမ်း၊ ဂွေးပင်ကြီး)ကျေးရွာတို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2021
-
Hygiene Kit-E များအား လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပညာရေးဒီဂရီကောလိပ်၌ဖွင့်လှစ်ထားရှိသော Quarantine center သို့လည်းကောင်း၊ ခေမာသီရိသီလရှင်စာသင်ကျောင်းတိုက်သို့လည်းကောင်း၊ သီရိစန္ဓာရုံသီလရှင်စာသင်ကျောင်းတိုက်သို့လည်းကောင်း၊ မြင်းကင်းကျေးရွာသို့လည်းကောင်း၊ ပစ္စည်း(၅)မျိုးပါ Hygiene Kit-E (၁၀၀)ပုံးအား (၂၅-၁-၂၀၂၁) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_ar #mgy_jan2021
-
လေပြင်းဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၅-၁-၂၀၂၁) ရက်နေ့၌ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲ-ဂန့်ဂေါ ကားလမ်းဘေး၊ ပုလဲ-ကျား တက်လမ်းဆုံတွင် လေပြင်းဘေးအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2021 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၁-၂၀၂၁) ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ (ရွာတော်(တောင်+မြောက်)၊ ရွာသစ်၊ ကြံဖိုစု၊ ချောင်းစောက်၊ စက်ကုန်း) ကျေးရွာများ အတွင်းရှိပြည်သူများအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #npw_jan2021
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၂၁) ရက်နေ့ (၁၁:၀၀) နာရီမှ (၁၄:၀၀) အချိန်ထိ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပြန့်ပွါးမှုများ မဖြစ်ပွါးစေရန်အတွက် ပြည်သူများအား လိုက်လံအသိပေးကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2021
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း)ရှိ အိမ်ခြေ (၁၁၅) လုံး၊ အိမ်ထောင်စု(၁၂၆)စု၊ လူဦးရေ (၅၇၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၂၅- ၁-၂၀၂၁) ရက်နေ့ ( ၁၁: ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ) #ha_drg #mgy_jan2021
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၂၁) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီချိန်မှ (၁၁:၃၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ ဖာလုံကျေးရွာ၊ ထီးသဲလေကျေးရွာ၊ ဘလော်တယ်ကျေးရွာနှင့် နို့ဖောထီးကျေးရွာများသို့ COVID-19 ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ar #krn_jan2021
-
Qစင်တာများသို့ Hygiene Kit-E များ လှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားရှိသော Quarantine center သို့ ပစ္စည်း(၅)မျိုးပါ Hygiene Kit-E (၇၅)ပုံးအား (၂၅-၁-၂၀၂၁)ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
