Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၀)ရက်နေ့၊ (၂၀:၀ဝ)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအုပ်စု ၊စစ်ပြဲကျေးရွာတွင် မီးဘေးသင့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) ကျပ်နှင့် ဘေးသင့်ပြည်သူ (၁) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၂,၁၀ဝိ/) ကျပ်အား သက်ဆိုင်ရာ ရပ်ကျေးစာရေးနှင့်အတူ (၁၅-၆-၂၀၂၀) ရက်နေ့၊(၁၄:၄၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: : လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၀) ရက် နေ့တွင် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သာစည်‌ကျေးရွာ၊ ကျွန်းကုန်း‌ကျေးရွာ၊ တမံ ဆယ်ကျေးရွာ၊ ဘန့်‌ဘွေးကုန်းကျေးရွာ၊ အုန်း‌တောကျေးရွာ၊ ပန်းတင်‌ကျေးရွာ၊ အောင်ချမ်းသာ ကျးရွာ၊ ပျဥ်‌ထောင်ကွင်း‌ကျေးရွာ၊‌ ကွင်းကြီး‌ကျေးရွာ၊ ကြို့ပင်ဝိုင်း‌ကျေးရွာနှင့် အောင်ချမ်းသာကျးရွာ တို့တွင် Covid-19ရောဂါကူးစက်ပျံနှံ့မှုများနှင့် ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ပဲခူးတိုင်း‌ဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_jun2020

  • မိုးကြိုးဘေးအသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၅.၆.၂၀၂၀) ရက်နေ့တွင် ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ လ၀က်အစည်းအဝေးတွင် မိုးကြိုးဘေး၊ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_jun2020 Source:           ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၀) ရက်နေ့ တွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်းဈေး၊ မြို့မကညင်တန်းရပ်ကွက်၊ ညောင်ချောင်း အလယ်ရွာ၊ ညောင်ချောင်းအရှေ့ရွာ၊ ညောင်ချောင်းအနောက်ရွာတို့တွင် အသံချဲ့စက်ဖြင့် Covid-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များ၊ Covid-19 ကူးစက်ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးဗဟိုကော်မတီမှ ထုတ်ပြန်ကြေငြာချက်အား လှည့်လည်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2020 Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(တောင်ပိုင်း၊ ရွာလယ်ပိုင်း)၊ ဦးဝင်းကြည်(တဲတိုက်)နှင့် ကြို့ပင်အင်းကျေးရွာရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင် စု(၁၂၁) စု၊ လူဦးရေ (၅၃၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_jun2020

  • မိုးကြိုးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လှည်းဆိပ်ခြံကုန်းကျေးရွာအုပ်စု၊ အလန်းကြီးဝကျေးရွာတွင် (၁၃-၆-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀ဝ,ဝဝဝိ/-)ကျပ်အား (၁၅-၆-၂၀၂၀) ရက်နေ့၊ နေ့လည်(၁၂း၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ayy_jun2020

  • လေပြင်းဘေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၅-၆-၂၀၂၀) ရက်နေ့တွင် ယင်းမာ ပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ရပ်ကွက်/ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ လဝက်အစည်းဝေးတွင် မိုးကြိုးဘေး၊ လေပြင်းဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ပီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၂၀)ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကဿမျှင်ထီဆိပ်ရေကျော်ဝကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၂)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၄၂၀၀/-) ကျပ်တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၅-၆-၂၀၂၀)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော သာစည်မြို့နယ်၊ ငှက်မင်းကုန်းကျေးရွာ၊ အုပ်စုသမန်းကြားကျေးရွာသို့ သောက်သုံးရေဂါလန် (၁၇၀၀) ကို (၁၄- ၆-၂၀၂၀) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mdy_jun2020

  • School Cum Shelter များစတင်တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၂၀) ရက်နေ့‌၌ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့်အတူ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ချောင်းဆုံမြို့နယ်၊ နတ်မှော်ကျေးရွာ၊ ကွမ်သဲကျေးရွာနှင့် ကမာကေးကျေးရွာတို့တွင် (၁၃၀’x၃၀’x၁၃’) School Cum Shelter (၁) လုံးစီကို စတင်တည်ဆောက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #infra_dev #mon_jun2020

Sign Up

Upcoming Events