Author Archives: Department of Disaster Management
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာ တို့၌ (၇-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု(၁၀)စုမှ လူဦးရေ (၃၉) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၁,၉၀၀/-) ကျပ်၊ ဆပ်ပြာ(၁၀)တောင့်နှင့် Mask (၇၈) ခုတို့ကို (၁၀-၈-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ကမာကျေးရွာ၊ ကော့ဘော်ကျေးရွာ၊ ကော့သံခါကျေးရွာ၊ ကော့ဖလွှတ်ကျေးရွာနှင့် ကော့ခမိကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loudspeaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_aug2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာ၊ ရွှေသောင်ပိုင်း၌ (၇-၈-၂၀၂၀)ရက်နေ့မှ (၉-၈-၂၀၂၀) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ (၂၀)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၄၂,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁) မျိုး အိမ်တောင်စု(၅)စုစာတို့ကို (၁၀-၈-၂၀၂၀)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ရုံးမှ တာဝန်ရှိသူများ၊ … Read more
-
Covid-19 ကူးစက်ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာ အုပ်စု၊ ကညင်ပင်ကျေးရွာ၊ ကန့်လန့်ကျေးရွာ၊ ဒလယ်အက်ကျေးရွာတို့တွင် (Covid-19) ဒုတိယလှိုင်း ကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို (၉-၈-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့ကို အသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_aug2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ တပေတမော့ကျေးရွာအုပ်စု၊ ပန်းပဲစုကျေးရွာ၊ ကျုံကလွတ်ကျေးရွာအုပ်စုတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများ ပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_aug2020
-
ဝန်ထမ်းအိမ်ယာဆောက်လုပ်နေမှုအား စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၂၀) ရက်နေ့တွင် မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ်လျက်ရှိသော (၄) ခန်းတွဲ (၂) ထပ်ဝန်ထမ်းအိမ်ယာ (၈၀) ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါကြောင်း သတင်းရရှိသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #mgy_aug2020
-
IDPs စခန်းများ၌ COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ထောက်ပံ့မှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၂၀) ရက်နေ့ တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီးကာသိုလိပ်နှင့် မုံးစီးပန်ယန်ခါး IDP camps (၂)ခု အတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_aug2020 Souce: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၈-၂၀၂၀)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၂) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၁၁)စု၊ လူဦးရေ (၄၅၀၁)ဦးတို့အတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်(၆၅၇)အိတ်၊ ဆီ(၈၁၁)ပိဿာ၊ ဆား(၄၀၀)ပိဿာ၊ ကုလားပဲ(၂၈)အိတ်၊ (၁၄) ရက်စာအား ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_aug2020 Souce: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၀) ရက်နေ့၊ မြစ်ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၄၄) ဦးအတွက် ဆန်ဖိုး (၇) ရက်စာထောက်ပံ့ငွေ (၉၂၄၀၀) ကို (၉-၈-၂၀၂၀) ရက်နေ့ (၁၂း၀၀) အချိန်တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_aug2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၂၀)ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၃)ရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည်လည်ဟောပြောခြင်းနှင့် ဗွီနိုင်းပိုစတာ၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
