Author Archives: Department of Disaster Management
-
မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်၊ (၀၉:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) သောင်ရင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၆)ပေခန့် ကျော်လွန် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
မြစ်ရေကြီးခြင်းသတိပေးချက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်၊(၁၉:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁)ပေခွဲခန့်တွင် ရောက်ရှိ နေပါသည်။ အဆိုပါမြစ် ရေသည်နောက်(၁)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၄-၉-၂၀၂၁) ရက်နေ့၊(၁၀:၀၀)အချိန်မှ(၁၂:၃၀)အချိန်ထိ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာ နှင့် ကတိုက်ကျေးရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးခြင်းတို့အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #mon_sep2021 Source: သထုံခရိုင်ဦးစီမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့တွင် (၁၀:၃၀)အချိန်မှ (၁၂:၀၀)အချိန်ထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာနှင့်မုပ္ပလင်ကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker ဖြင့် လှည့်လည်အသိပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံး(ဘစမ)
-
မြေပြိုဘေးကြောင့် နေအိမ်ဆုံးရှုံးပျက်စီးခဲ့ရသည့်ပြည်သူသို့ ထောက်ပံ့မှုသတင်း
(၂၃-၉-၂၀၂၁)ရက်နေ့ (၀၉:၁၀)ချိန်တွင် လားရှိုးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရပ်ကွက်(၉)၊ နယ်မြေ(၁)နေ ဦးကျော်ဝင်း(၆၅)နှစ်(ဘ)ဦးထား၏နေအိမ် အထက်ဘက် ကုန်းမြင့်ကမ်းပါးယံမှ မြေသားများပြိုကျမှုကြောင့် ၎င်းနေအိမ်တစ်ဝက်ပေါ် မြေသားများ ဖုံးလွှမ်းပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၂,၀၀ဝ,၀၀၀/-)ခန့် ဖြစ်ကြောင်းနှင့် ၎င်းမြေပြိုဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်(၉၀,၀၀၀/-)၊ ဘေးသင့် လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ ကျပ်(၂၅,၂၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၁၁၅,၂၀၀/-)အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများက (၂၄-၉-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #shn_sep2021 Source: လားရှိုးခရိုင်ဦးစီမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၉-၂၀၂၁) ရက်နေ့၊(၁၃:၀၀)အချိန်မှ(၁၅:၀၀)အချိန်ထိ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စု၌ Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: သထုံခရိုင်ဦးစီမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)အချိန်မှ (၁၄:၀၀)အချိန်အထိ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကော့ပရံ ကျေးရွာ၊ ကတုံးပေါ်ကျေးရွာနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာတို့တွင် သဘာဝဘေး အန္တရာယ်နှင့် COVID-19 ကူးစက်ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့အား အသံချဲ့ စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: မုဒုံမြို့နယ်ဦးစီမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီချိန်မှ (၁၆:၃၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ နောင်လုံကျေးရွာ၊ အိန္ဒဲကျေးရွာ၊ အိန္ဒုကျေးရွာ၊ မြပြည်ကျေးရွာ၊ ဝဲကနင်ကျေးရွာ၊ လွန်းညကျေးရွာ၊ ကော့စိန်ဘန်း(အထက်)ကျေးရွာ၊ ကော့စိန်ဘန်း(အောက်)ကျေးရွာ၊ ရွှေပြည်တောင် ကျေးရွာ၊ ခနိမ်းဒိုကျေးရွာ၊ သာမညကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ဝဲကရင်ကျေးရွာနှင့် သာမညဈေးများသို့ သွားရောက်၍ ပြည်သူများအား COVID-19 ကူးစက်ရောဂါ အသိပညာ ပေးခြင်းအား အသံချဲ့စက်ဖြင့် ဆောင်ရွက်ခဲ့ပြီး Surgical Mask များ ဖြန့်ဝေခြင်းနှင့် ပိုစတာဗီနိုင်းများ ဖြန့်ဝေခြင်းပေးခဲ့တို့အား … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာနှင့် ကွမ်လှာကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်နှင့် COVID-19 ကူးစက်ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့အား အသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: မုဒုံမြို့နယ်ဦးစီမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထိလာခရိုင်ဦးစီးမှူးရုံး၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးနှင့် သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများသို့ (၁၅-၉-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mdy_sep2021
