Author Archives: Department of Disaster Management
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ငလျင်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈)တွင် ပြည်သူများအနေဖြင့် ငလျင်ဘေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် သိရှိသင့်သည်များအား ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်စေရေးအတွက် ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအား (၄-၂-၂၀၁၈)ရက်နေ့ နံနက် (၀၇:၀၀)နာရီမှ (၀၈:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းသို့ ပြည်သူလုထု (၃၉၆)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့အိမ်များအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၄-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၉) လုံးအတွက် (၁)တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၇၀,၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၁၈)ရက်နေ့တွင် ဘားအံမြို့ တောင်တန်းသာသနာပြုပရဟိတကျောင်း၌ ငလျင်ဘေးအပါအဝင် မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား (၇၀)ဦးအား တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်ခဲ့သောကျောင်းသူ/ကျောင်းသားများအား အသိပညာပေးလက်ကမ်းစာစောင်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်နှင့် ခဲတံများအား ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၃-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၉) လုံးအတွက် (၁)တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၅၇၀,၀၀၀) ကျပ်နှင့် ပြောင်ရွှေ့အိမ် (၁)လုံးအတွက်ထောက်ပံ့ငွေ (၁၀၀,၀၀၀) စုစုပေါင်း ထောက်ပံ့ငွေ (၆၇၀,၀၀၀) ကျပ် အားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့၊ လီဆူဘော်ဒါ IDPs စခန်းတွင် (၃-၂-၂၀၁၈)ရက်နေ့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ စုစုပေါင်းလူဦးရေ (၁၁၀)ဦး ခန့်တက်ရောက်ခဲ့ပြီး သဘာဝဘေးနှင့်ပက်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ပြန်လည်နေရာချထားပေးရေးနှင့် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၂-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၃၇) လုံးအတွက် (၁)တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁,၁၁၀,၀၀၀) ကျပ်တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၈)ရက်နေ့ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်တွင် နေအိမ် (၃)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ အိမ်ခြေ (၃)အိမ်မှ လူဦးရေ (၁၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၀၀,၀၀၀)၊ တစ်ပတ်စာဆန်ဖိုးငွေကျပ် (၂၇,၃၀၀) နှင့် Family Kit (၃) ထုပ် တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၈) ရက်နေ့တွင် ထားဝယ်မြို့၊ အ.ထ.က (၁) ၌ ငလျင်ဘေး အသိ ပညာ ပေးဟောပြောပွဲကျင်းပခြင်းနှင့် အ.ထ.က (၃) ၌ သဘာဝအသိပညာပေးဟောပြောပွဲ ကျင်း ပခြင်းတို့ပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၀၀) ဦးတက်ရောက်ခဲ့ပြီး တက် ရောက်လာသူများအား ဗလာစာအုပ်၊ ဘောပင်နှင့် လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ (၁၉-၁-၂၀၁၈) ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ကမ္မ) ၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဗလာစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ် ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး
-
ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာ အုပ်စု ၊ဟွေခါးကျေးရွာတွင် သဘာဝဘေး အန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၁-၁-၂၀၁၈ ) ရက်နေ့ နေ့လည် ၁၃၀၀ နာရီ မှ ၁၄၃၀ နာရီ ထိ ကျိုင်းတုံမြို့နယ်၊မိုင်းဇင်း ကျေးရွာ အုပ်စု ၊ဟွေခါးကျေးရွာတွင် တက်ရောက် သူ (၆၀) ဦး အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် သဘာဝဘေး အန္တရာယ်အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
