Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၂၂) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ အော်ထဲရပ်တွင် လျှပ်စစ်မီးသုံးစွဲရာမှ ဝါယာရှော့ဖြစ်၍ မီးစတင်လောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးဘေးကြောင့် မီးဘေးသင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁) ပုံးတို့အား (၉-၃-၂၀၂၂) ရက်နေ့ (၁၁:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် (၉-၃-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ အထက်တန်းကျောင်းသို့ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမများအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းများပေးအပ်ခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_mar2022
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၂) ရက်နေ့တွင် ကံကုန်းကျေးရွာအုပ်စုအတွင်းရှိ (ကံကုန်း၊ မြဦးအိုင်၊ ကံစု၊ လိန်ကုန်း၊ မောင်းထောင်စု၊ ဝက်စု၊ စံလင်းဒေါင့်နှင့် ဘဲကုန်း)ကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများအား ဖြန့်ဝေပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များအား အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ လေပြင်းဘေးဒဏ်ခံနိုင်ရေး နေအိမ်များအား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw … Read more
-
သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့ပေါ်ရှိ အထက်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များနှင့်ဗီနိုင်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_mar2022 Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိဝန်ထမ်းများသည် (၇-၃-၂၀၂၂) ရက်နေ့တွင် လှိုင်းဘွဲမြို့ပေါ်ရှိ အထက်တန်းကျောင်း၌ နေ့လည်(၁၂:၃၀)အချိန်မှ (၁:၃၀) အချိန်အထိ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်နှင့် ဗီနိုင်းများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_mar2022 Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၂) ရက်နေ့တွင် နတ်စဉ်ကျေးရွာအုပ်စုအတွင်းရှိ (နတ်စဉ်၊ ကံကုန်း၊ မြဦးအိုင်၊ ကျုံလှ အရှေ့၊ ကျုံလှအနောက်)ကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများအား ဖြန့်ဝေပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များအား အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ လေပြင်းဘေးဒဏ်ခံနိုင်ရေး နေအိမ်များအား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw #ayy_mar2022
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁-၃-၂၀၂၂)ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ရပ်ကွက်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များကို အားဖြည့်ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်မီရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #mon_mar2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာအုပ်စု၊ အေးသီတာရပ်ကွက်၌ (၂၀-၂-၂၀၂၂)ရက်နေ့၊ (၁၅:၀၀)နာရီ အချိန်တွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေတိုက်အိမ်(၁)လုံးမှ အိမ်ထောင်စု (၁)စုအတွက် တန်ဖိုးငွေ(၄၆,၀၃၆/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-)နှင့်မီးဘေးသင့်ပြည်သူ(၅)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝိ/-)အား (၂၂-၂-၂၀၂၂)ရက်နေ့ (၁၃:၃၀)အချိန်တွင် ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ထောက်ပံ့မှုတန်ဖိုးမှာ (၂၁၀,၅၀ဝိ/-)ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_feb2022 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၂၂) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောဆွေနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/သူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb2022
-
သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၂၂)ရက်နေ့၌ ကျိုက်ထိုမြို့၊ အ.ထ.က(၁)စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးအား သဘာဝဘေးအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာပေးခြင်းတို့ကို (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ဟောပြောဆွေးခဲ့ပြီး၊ လက်ကမ်းစာစောင်နှင့် Mask များ ဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb2022
