Author Archives: Thu Thu Han
-
Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၁)ရက်နေ့၌ ရေဖြူမြို့နယ် (က)ရပ်ကွက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများအား ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid. 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၁) ရက်နေ့တွင် (၁၀:၃၀)နာရီ အချိန်မှ (၁၂:၀၀)နာရီအချိန်အထိ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker တို့ဖြင့် လှည့်လည်အသိပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid. 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၁) ရက်နေ့ (၀၈:၀၀)အချိန်မှ (၁၁:၃၀)အချိန်ထိ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ရပ်ကွက်နှင့် ကော့မုပွန်ကျေးရွာ အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပပျောက်စေရန်အတွက် ဆောင်ရန်/ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အသိပညာပေးခြင်းနှင့် ရာသီအလိုက် ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အနှိုင်းပွန်ကျေးရွာအုပ်စုတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သိရှိလိုက်နာ ဆောင်ရွက်သွားမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဘီးလင်းမြို့နယ်အတွင်းရှိ အနှိုင်းပွန်ကျေးရွာအုပ်စုတွင် နေထိုင်သည့်ပြည်သူများသိရှိစေရန် အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေး ကြေညာခဲ့ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid. 19 ကူးစက်ရောဂါ အသိပညာပေး ဗွီနိုင်းပိုစတာစိုက်ထူပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံအရှေ့ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆေးရုံလမ်းထိပ်တွင် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူထားသော(အလျား၉ပေ၊ အနံ ၆ပေ)ရှိ မြေပြိုဘေး အသိပညာပေးဗွီနိုင်းပိုစတာအစား Covid. 19 ကူးစက်ရောဂါ အသိပညာပေး ဗွီနိုင်းပိုစတာအား (၂၄-၈-၂၀၂၁)ရက်နေ့၊ (၁၀:၀၀)အချိန်ခန့် တွင် ပြောင်းလဲစိုက်ထူပြီးစီးကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၁)ရက်နေ့၌ သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ကျေးရွာ၊ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဖြူပြင်ရပ်ကွက်တို့တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် များအား အသိပညာပေးခြင်းကို မီးသတ်ဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2021 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၁) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပပျောက်စေရန်အတွက် ဆောင်ရန်/ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အသိပညာပေးခြင်းနှင့် ရာသီအလိုက် ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်ပြောင်းလဲစိုက်ထူခြင်း သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများအား Covid-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို သိရှိနိုင်ရန်အတွက် (၂၃-၈-၂၀၂၁) ရက်နေ့၊ (၀၈:၀၀)နာရီ၌ သံဖြူဇရပ်မြို့၊ မြို့လယ်ပန်းခြံနှင့် သံဖြူဇရပ် – ရေး ကားလမ်းမဘေး၊ မွန်ဓမ္မာရုံရှေ့တို့တွင် Covid-19 ရောဂါ အသိပညာပေး ဗွီနိုင်းပိုစတာများဖြင့် ဆိုင်းဘုတ်ပြောင်းလဲဆိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာအုပ်စုတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သိရှိလိုက်နာ ဆောင်ရွက်သွားမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဘီးလင်းမြို့နယ်အတွင်းရှိ ကျောက်ရေတွင်း ကျေးရွာအုပ်စုတွင် နေထိုင်သည့်ပြည်သူများသိရှိစေရန် အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေး ကြေညာခဲ့ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (23- 8-2021) ရက်နေ့၌ ဖောင်းပြင်မြို့၏ ချင်းတွင်းမြစ်ရေသည် (1319 စင်တီမီတာ)သို့ ရောက်ရှိနေပါသဖြင့် ဖောင်းပြင်မြို့ မြို့မစည်ပင် သာယာဈေးနှင့်ယာယီပျံကျဈေးတွင် ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ပြန်/ဆက် ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2021 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
